5 ပတ် - ဘာသာပြန်ပါ။

"ကိုယ်ကတော့ တစ်လျှောက်လုံးမှာ မင်းအတွက် ဟန်ဆောင်မျက်ရည်မျိုးမကျခဲ့ဖူးပါဘူး ၊ ရင်ထဲ နှလုံးသားထဲက ချစ်မြတ်နိုးပါတယ်"
ဆရာမ အယ်လီယာရဲ့ စာအုပ်ကိုဖတ်လိုက်ရတာကလေ
အလုံပိတ်အခန်းငယ်တစ်ခုတည်းမှာ သူမ ဖန်တီးထားတဲ့ ဇာတ်ကောင်တွေနဲ့ ပျော်မွေ့ခိုင်းနေသလိုဘဲ🥲
မွန်းကြပ်ရသလို ပြီးတော့ အဆုံးအစမရှိတဲ့လမ်းကို စမ်းသဝါးဝါးနဲ့ လျှောက်နေရသလိုပါဘဲ
ဆရာမရဲ့ မူပိုင်ရေးဟန်လို့ပြောလို့ရမဲ့ ဘာသာပြန် ဝတ္ထုပုံစံမျိုး ရေးထားတယ်
စိတ်ကူးယဉ် ဆန်တယ်လို့ပြောလို့ရသလို အပြင်လောကနဲ့လဲ သွေဖီ မနေပြန်ပါဘူး
အခုစာအုပ်လေးရဲ့ အဓိကဇာတ်ဆောင် လို့ပြောလို့ရမဲ့
ဂျွန်နဲ့လောရမ်အကြောင်းလေးဘဲ
အကျဉ်းချုပ်ပြောကြစို့✌️
ဂျွန်ဆိုတဲ့ကောင်လေးဟာ ထင်ရာကိုစိုင်း မိခင်ရဲ့အလိုလိုက်ခြင်းကို ခံထားရပြီး ဖခင်ဖြစ်သူကို သေလောက်အောင်မုန်းနေတဲ့ သူဌေးသားလေးတစ်ယောက်
လောရမ်ဆိုတဲ့ ဆံပင်နီကြောင်ကြောင်နဲ့ ကမ်းရိုးတန်းရွာလေးက မွေးစားအဖွား ငါးစိမ်းသည်မကြီးရဲ့ မြေးမလေး
ငယ်ငယ်ကတည်းက လူတကာရဲ့ အနိုင်ကျင့်တာကို ခံနေရတဲ့ ပေတေတေ ကောင်မလေးတစ်ယောက်
မွေးစားအဖွားဆုံးလို့ မြို့ပေါ်တက် အလုပ်လုပ်ရင်းကျောင်းတက်တဲ့ လောရမ်နဲ့ သူဌေးသားလေး ဂျွန်နဲ့ တွေ့ဆုံရင်း ဒီစာအုပ်လေး ဖြစ်လာခဲ့တယ်
အရာရာကို ပိုက်ဆံနဲ့ဝယ်လို့ရနေတဲ့ ဂျွန်တစ်ယောက်ဟာ ကျောင်းမှာ နွမ်းလျလျဆင်းရဲသူလေး လောရမ်ကိုပါ ဝယ်ဖို့ကြိုးစားပါတော့တယ်
ဖခင်ဖြစ်သူပေးထားတဲ့ စိတ်ဒဏ်ရာကြောင့် လူတစ်ယောက်ယောက် နာကျင်တိုင်း ပျော်ရွှင်တတ်တဲ့ စိတ်ရောဂါခံစားနေရတဲ့ဂျွန် ဟာ လောရမ် ဆိုတဲ့ကောင်မလေးနဲ့တွေ့မှ သူ့စိတ်တွေပြောင်းလဲလာနိုင်ပါ့မလား
ဖတ်နေရင်း အသက်ရှူဖို့အချိန်တောင်မပေးခဲ့တဲ့
ဆရာမ အယ်လီယာရဲ့ ထုံးစံအတိုင်းပေါ့🫠
ဒီ "မျက်ရည်တို့ဖြင့်ချည်နှောင်သော" စာအုပ်လေးက ပေါ့ပေါ့ပါးပါးလဲမဆန်သလို ဖတ်ရတာ အရမ်းလဲမခက်တာမလို့ ဝတ္ထုတစ်ပုဒ်ကို အခုမှ စ Try ပြီးဖတ်ကြည့်ချင်တဲ့ လူတွေကို ဖတ်ကြည့်စေချင်ပါတယ်

image