23 w - Translate

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)အပြီး အမှတ်ပေးဇယားထိပ်ဆုံး(၆)သင်းရပ်တည်မှုများ

နာမည်ကျော်ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)အပြီး အမှတ်ပေးဇယားထိပ်ဆုံးတွင် မြောက်လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့တဲ့ အာတေတာရဲ့ အာဆင်နယ်အသင်းက (၈၀)မှတ်ဖြင့် ဦးဆောင်နေသည်။ဒုတိယနေရာတွင် စီးတီးဂရောင်းမှာ နိုင်ပွဲရခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၇၉)မှတ်၊တတိယနေရာတွင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက (၇၅)မှတ်၊စတုတ္ထနေရာတွင် အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၇)မှတ်၊ပဉ္စမနေရာတွင် အိမ်ကွင်းမှာရှုံးပွဲတွေ့ခဲ့တဲ့ ပိုစတယ်ဂိုဂလူးစ်ရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက (၆၀)မှတ်၊ဆဌမနေရာတွင် တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၅၄)မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ထိပ်ဆုံး(၆)သင်းအနက် တော့တင်ဟမ်ဟော့စပါးအသင်းဟာ (၂)ပွဲ၊မန်ချက်စတာစီးတီးအသင်း နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ (၁)ပွဲစီ ကစားရန်ကျန်ရှိနေသးသည်။

image