ဒီဇာတ်ကားရှယ်ကြမ်းတယ်နော်
အသံထွက်အကောင်းဆုံး 1080p WEB DL 5.1CH ဗားရှင်းကို တင်ဆက်ပေးထားပါတယ်)
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ တိုက်ဂါးရှရော့ဖ်ရဲ့ Heropanti 2 ဆိုတဲ့ကားလေးပါ
နံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို ပြန်မကြည့်လည်းရပါတယ်
Heropanti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့
ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား
ဇာတ်လမ်းကိုပြောရမယ်ဆိုရင်
အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်
ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်
သူကနိုင်ငံသား တွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့
မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို ထောက်လှမ်းရေးက
မင်းသားကို သူ့အဖွဲထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ....
ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါ
အော် မင်းသမီးကလည်း Student of the Year 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့
သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ
#crd
#storymode
