5 w - Translate

Google ကနေ Starlink နဲ့အပြိုင် အင်တာနက်ကုမ္ပဏီတစ်ခု ခွဲထွက်
Starlink ကို ယှဉ်ဖိုက်မယ့် အင်တာနက်ကုမ္ပဏီတစ်ခု Google အောက်ကနေ ထွက်လာပါတယ်။
Taara ဆိုတဲ့ ဒီကုမ္ပဏီက Google မြေတောင်မြှောက်ပေးထားတဲ့ အင်တာနက်ပရောဂျက်တစ်ခု ဖြစ်ပြီး အခုက လွတ်လပ်တဲ့ကုမ္ပဏီတစ်ခုအဖြစ် ခွဲထွက်တော့မှာပါ။ Taara ပရောဂျက်က Google ရဲ့ အင်တာနက်မိုးပျံပူဖောင်းပရောဂျက် Loon ကနေ မြစ်ဖျားခံတယ်လို့ ပြောနိုင်ပါတယ်။
Loon အတွက် ပူဖောင်းတွေ လွှင့်တာက အစိုးရဘက်ကရော ဥပဒေသမားတွေကပါ လက်မခံရာကနေ Loon ပ‌‌ရောဂျက် ပျက်သွားခဲ့ပြီး Taara ပ‌ရောဂျက်ကို Google က ပံ့ပိုးလာတာပါ။ Series X Capital ကနေ ရံပုံငွေနဲ့ ထောင်ထားတဲ့ Taara မှာ Google (Alphabet) က minority stake လို့ ခေါ်တဲ့ ကုမ္ပဏီဆုံးဖြတ်ချက်တွေ ချပိုင်ခွင့်မရှိတဲ့ အနည်းစုရှယ်ယာပိုင်ရှင်အဖြစ် ဆက်ပါနေဦးမှာပါ။
Taara မှာ သုံးတဲ့နည်းပညာက လေဆာနည်းပညာသုံးပြီး အချက်အလက်တွေ ပို့လွှတ်တာပါ။ Taara မှာက လမ်းမီးတိုင်အရွယ်အစားရှိတဲ့ Taara Lightbridge ဆိုတဲ့ ကြိုးမဲ့ဆက်သွယ်နေ‌ရေးတိုင်တွေ ရှိပါတယ်။ Taara Lightbridge တွေက users ရဲ့ web traffic ကို laser beam တစ်ခုမှာ encode လုပ်ပြီး ၁၂ မိုင်ကျော်အကွာအဝေးက နောက် terminal တစ်ခုကို 20Gbps နဲ့ ထပ်ပို့ပါတယ်။
လိုင်းဆွဲအားငြိမ်နေဖို့ ဒေတာသယ်တဲ့ laser beam တွေကို lens နဲ့ sensors တွေ ပါတဲ့ chip နဲ့ ထိန်းပါတယ်။ ဒီ chip က အလင်းထုတ်တဲ့ emitters ရာပေါင်းများစွာပါတဲ့ array တစ်ခုကို သုံးပြီး laser beams ထုတ်တာပါ။ နောက်အသစ်ထွက်မယ့် Taara Chip မှာဆို emitter ထောင်ချီ ပါမှာ ဖြစ်လို့ bandwidth သိသိသာသာ ပိုမြင့်လာမယ်လို့လည်း ပြောပါတယ်။

image