5 w - Translate

သာကေတမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကို လူ(၄)ယောက်က ကားပေါ်တင် ဖမ်းဆီးခေါ်ဆောင်သွား
မတ်လ ၁၈၊ ၂၀၂၅
သာကေတမြို့နယ် ၂ မြောက်ရပ်ကွက် ထူပါရုံ ၂၂ လမ်း(အနောက်)တွင် နေထိုင်သည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို Alphard အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်မှ လူလေးဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ဒေါ်စန္ဒာလင်း(ခ) မိထုပ် ဆိုသည့် အဆိုပါ အမျိုးသမီးမှာ မာန်အောင်ဇာတိဖြစ်ပြီး သာကေတမြို့နယ် အမှတ် (၁) စျေးတွင် လင်းလက်ရွှေစင်အမည်ရှိ ရွှေဆိုင်ကို ဖွင့်လှစ်ထားသည်မှာ ခုနစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း အဆိုပါအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

image