5 ပတ် - ဘာသာပြန်ပါ။

BMW ကားတွေမှာ Huawei နည်းပညာသုံးတော့မည်

ဂျာမန်ကုမ္ပဏီ BMW နဲ့ Huawei တို့ ကားအတွင်းပိုင်း ဒီဂျစ်တယ်စနစ်အတွက် လက်တွဲလိုက်ပါတယ်။

BMW က တရုတ်မှာ ထုတ်မယ့် ၂၀၂၆ မော်ဒယ်ကားတွေထဲ HarmonyOS ပေါ် တည်ဆောက်ထားတဲ့ Huawei ရဲ့ smart-connect system ထည့်တော့မှာပါ။ Huawei HiCar စနစ်ကို ၂၀၂၆ မှာ ထုတ်မယ့် BMW Neue Klasse မော်ဒယ်မှာ စပြီး တွေ့ရမယ်လို့ ဆိုပါတယ်။

Huawei ရဲ့ HarmonyOS ပေါ် ဖန်တီးထားတဲ့ BMW ရဲ့ digital key စနစ်လည်း ဒီနှစ်နောက်ပိုင်းလောက် ထွက်မှာပါ။ BMW digital key မှာက Huawei ဖုန်းသုံးပြီး ကားတွေ ဖွင့်တာ ၊ လော့ခ်ချတာ နဲ့ စက်နှိုးတာတွေ လုပ်နိုင်ပါတယ်။

BMW ဘက်က Huawei ကို လက်တွဲလိုက်တာ Huawei ရဲ့ တရုတ်ဈေးကွက်အင်အားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တရုတ်က BMW Group Region ဥက္ကဌ ရှောင်ဂရင်းပြောပုံအရ "တရုတ်မှာ MyBMW app သုံးသူရဲ့ ၂၅% နီးပါးက Huawei device ပေါ် မှီခိုနေတာ" လို့ ဆိုပါတယ်။

HarmonyOS ecosystem နဲ့ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းတာက HarmonyOS users တွေအတွက် BMW အနေနဲ့ ကားအတွင်း application နဲ့ ဒီဂျစ်တယ်ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပိုအဆင့်မြှင့်နိုင်သလို ကြိမ်နှုန်းမြင့် သုံးစွဲမှုတွေမှာ ဉာဏ်ရည်မြင့်အတွေ့အကြုံတွေ ပိုကောင်းလာစေမယ်လို့ ပြောပါတယ်။

BMW ဟာ တရုတ်ကုမ္ပဏီတွေနဲ့ ပေါင်းပြီး LLM , GenAI နဲ့ Intelligent Voice Interaction တို့လို အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ ဖန်တီးမှုတွေပါ လုပ်ဆောင်နေပြီး ဘေဂျင်း ၊ ရှန်ဟိုင်း ၊ ရှန်ယန်း ၊ နန်ကျင်းတို့မှာ R& D သုတေသနစင်တာတွေလည်း ဖွင့်လှစ်ထားပါတယ်။

image