30 w - Translate

ကိစ္စရပ်တိုင်းဟာ
ချစ်ခြင်းမေတ္တာကို အခြေခံတယ် ။

စားစေချင်လို့ မအားတဲ့ကြားက
ပင်ပင်ပန်းပန်း ချက်ပြုတ်ပေးတာဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

အစားကောင်းကောင်းတွေ စားရတိုင်း
သူဆိုလဲ ကြိုက်မှာပဲ လို့တွေးမိတာဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

အလုပ်ဘယ်လောက် ပင်ပန်းပါစေ
သွားချင်တဲ့နေရာလေးတွေ လိုက်ပို့ပေးတာဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

နေထိုင်မကောင်း ဖြစ်ရင်
ကိုယ်တိုင်ခံစားနေရသလို ပူပင်တာဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

ရှုခင်းလှလှ နေရာတွေရောက်ရင်
အလှဆုံးဖြစ်အောင် ဓါတ်ပုံရိုက်ပေးတာဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

သူနှစ်သက်တဲ့ ပစ္စည်းလေးတွေတိုင်း
ဝယ်ပေးချင်တဲ့ စိတ်ဆန္ဒဟာ
ချစ်ခြင်းမေတ္တာ ဖြစ်တယ် ။

နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေ သပ်ပေးတာ
နှုတ်ခမ်းမှာ ပေနေတဲ့ မုန့်တွေ သုတ်ပေးတာ
လမ်းကူးရင် အမြဲလက်တွဲပေးတာ
လမ်းလျှောက်ရင် ကားတွေလာတဲ့ဘက်မှာ နေပေးတာ
ချွေးထွက်လာရင် ဂရုတစိုက်နဲ့ သုတ်ပေးတာ
ရေသောက်ချင်ရင် ရေသန့်ဘူးကို အဆင်သင့် ဖောက်ပေးတာ
ဒီလို သေးသေးမွှားမွှား လုပ်ရပ်လေးတွေဟာ စေတနာကို အခြေခံပါတယ် ။

မချစ်တဲ့လူ တယောက်ကို စေတနာ ထားလို့မရပါဘူး
စေတနာဟာ ချစ်ခြင်းမေတ္တာ ဖြစ်ပါတယ် ။

ချစ်တယ်ဆိုတာ နှုတ်က ပြောဖို့လဲလိုတယ်
အပြုအမူတွေကလဲ ပြောပြပေးနေပါတယ် ။ 🤎