Dead Mine (2012)
အင်ဒိုနီးရှားကျွန်းစွယ် တောနက်နက်ထဲကိုလူတစ်စုစူးစမ်းရှာဖွေလျက် ရှိပါတယ်။လက်နက်ကိုင် ကြေးစားစစ်သည်တွေလည်း ပါဝင်သလို
ပညာရှင်တွေလည်း ပါဝင်ပြီး ဘယ်လိုမျိုးအရာကိုလိုက်လံရှာဖွေနေတယ်ဆိုတာ ပညာရှင်တွေကလွဲပြီးဘယ်သူမှ မသိနိုင်ပါဘူး။ ဒီလိုနဲ့ ရှာဖွေနေစဉ်မှာပဲ ပင်လယ်ဓားပြအုပ်စုနဲ့တွေ့ပြီး တိုက်ခိုက်ရာကနေ မိုင်းတွင်းအဟောင်းကြီးတစ်ခုထဲကိုထွက်ပြေးခဲ့လိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဒီမိုင်းတွင်းကြီးဟာ ဒုတိယကမ္ဘာစစ်တုန်းကဂျပန်စစ်တပ်တွေ တပ်စွဲခဲ့တဲ့နေရာတစ်ခု ဖြစ်နေပြီးနောက်ကွယ်မှာကတော့ သာမန်တပ်စွဲသလောက်ထက်ကျော်လွန်ပြီး ထူးခြားဆန်းကြယ်မှုတွေ ရှိတဲ့နေရာ ဖြစ်လို့နေပါတယ်။ အဲဒီအခါကျမှ ပညာရှင်တွေဖက်ကနေ ဒီစူးစမ်းလေ့လာရေး ခရီးစဉ်ရဲ့ ရည်ရွယ်ချက်အမှန် ထွက်ရှိလာပြီး မိုင်းတွင်းထဲက မမျှော်လင့်ထားတာတွေ ဖြစ်ပျက်ခဲ့တဲ့ အချိန်မှာတော့ တစ်အုပ်စုလုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ပြီး ရှာဖွေနေတာတွေလည်း တွေ့မလားဆိုတာတော့ဆက်လက်ကြည့်ရှု့လိုက်ကြရအောင်ပါ။
