မာစီးဒီး ကားနဲ့ ညိသွားတဲ့ Xiaomi SU7 လျှပ်စစ်ကား
==============================
Xiaomi က တရုတ်မှာ SU7 လျှပ်စစ်ကားကို ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး လူတွေက အဲဒီကားရဲ့ စွမ်းဆောင်ရည် ဘယ်လောက်မြင့်မားမလဲ ဆိုတာ စိတ်ဝင်စားနေကြပါတယ်။ အခုတော့ တရုတ်မှာ မာစီးဒီး ကားနဲ့ SU7 တို့ ညိသွားကြတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။
ဓါတ်ပုံတွေမှာ ကား ၂ စီးလုံးဟာ တော်တော် ပျက်ဆီးသွားတာကို တွေ့ရပါတယ်။ Xiaomi SU7 ရဲ့ ညာဘက်ခြမ်းနဲ့ တံခါး ၂ ခုလည်း ပျက်ဆီးသွားပြီး လေအိတ်ပွင့်သွားပါတယ်။ မာစီးဒီး ကားရဲ့ အရှေ့ Bumper လည်း ပုံပျက်သွားပြီး ကားရဲ့ ညာဘက် မီးလုံးဟာ လုံးဝ ကွဲကြေသွားပါတယ်။
တရုတ်မှ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီ Big Lizi Qiqili က SU7 ဟာ သူ့ကား ဖြစ်ပြီး ကား တိုက်မှုမှာ ယာဉ်မောင်းတွေဟာ အပြစ် မရှိကြဘဲ မီးပွိုင့် အမှားကြောင့် တိုက်မိတာလို့ ပြောပါတယ်။ ကားတိုက်မှုမှာ ယာဉ်မောင်းတွေဟာ အသေးစား ဒဏ်ရာတွေပဲရခဲ့ပါတယ်။
Ref : theverge
Credit to Digital Times