5 w - Translate

🍀 ကောင်းမှု ဒိုင်ယာရီ ဆိုတော့ ဒိုင်ယာရီ စာအုပ်လိုသာ အသုံးပြုလို့ ရလိမ့်မည်ဟု ကနဦး ထင်မှတ်မှားနိုင်ပါသည်။ တကယ်တော့ ကောင်းမှု ဒိုင်ယာရီဆိုသည့် စာအုပ်လေးက ဒိုင်ယာရီ ထက်ပိုပါသည်။
🍀 ကောင်းမှုနှင့် ပတ်သက်သည့် အကြောင်းအရာလေးတွေ၊ ကောင်းမှုပြုမိဖို့ရာအတွက် တိုက်တွန်းချက်လေးတွေ ပါသည့်အပြင်၊ ကောင်းမှုမှတ်စုလေးတွေ လုပ်နိုင်ဖို့ရာသာမက ကိုယ့်ရဲ့ အစီအစဉ်တွေကိုလည်း စနစ်တကျ ပြုစုပြီး ပြင်ဆင်ထားလို့ရမည့် ဘက်စုံသုံး စာအုပ်မျိုးလေးဖြစ်ပါသည်။
🍀 ThismomentZone အဖွဲ့သားများ၏ ကောင်းမှု စာစုလေးတွေလိုပါပဲ၊ စာဖတ်သူ ကိုယ်တိုင်လည်း ရေးလို့ရမယ့် ပုံစံလေးတွေပါ ဖန်တီးပေးထားတာကြောင့် ThismomentZone အဖွဲ့သားများနှင့် သူတို့၏ ပရိတ်သတ်များ အတွေးအခေါ်ချင်း မျှဝေဖော်ပြလို့ရမည့် နေရာလေးလည်း ဖြစ်သွားစေပါတယ်။
🍀 နေ့စဉ် ရေးစရာရှိလျှင်လည်း ရေးနိုင်ပြီး မရှိပါကလည်း အလိုရှိသည့်အခါ ရေးနိုင်ရန်အတွက် ပြုလွယ် ပြင်လွယ်သော အနေအထားမျိုး စီမံထားသည်။ မိမိစိတ်ကြိုက် ရက်စွဲများတပ်ပြီး မိမိအလိုရှိသလို မှတ်မိသလောက်သော ကောင်းမှုများကို ချရေးနိုင်ပေလိမ့်မည်။
🍀 ကောင်းမှုသေးသေးလေးတွေကစလို့ ကြီးစွာသော ကောင်းမှုတွေအထိ အမှတ်ရနေစေရန်အတွက် မှတ်တမ်းတင်ထားပြီး အဖန်ဖန် အောက်မေ့ခြင်းဖြင့် မိမိကိုယ်မိမိ အကောင်းမြင်သည့်စိတ်များ ပိုမိုတိုးတက်လာစေပါသည်။
🍀 ထို့အပြင် မိမိ၏ သမိုင်းစာအုပ်တစ်အုပ်ဆိုလည်းဟုတ်၊ အိတ်ဆောင် ကျောက်စာချပ်များဆိုလည်း ဟုတ်ပါသည်။ ကောင်းမှုများကို အမြဲမပြတ် မှတ်တမ်းပြုလုပ်ထားသူများသည် နောင်အချိန် အသက်အရွယ်ကြီးလာသောအခါ မိမိကိုယ်တိုင်ပြန်ဖတ်ပြီး ဝမ်းမြောက်နိုင်သလို၊ အခြားသူများကို ဖတ်စေပြီးလည်း သတိတရ ဝမ်းမြောက်နိုင်မည်ဖြစ်ပြီး၊ ဖတ်ပေးသူများအတွက်လည်း မျှဝေပြီးဖြစ်လိမ့်မည်။
🍀 ထို့ကြောင့် ကောင်းမှုများကို မှတ်သားတတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ရန်အတွက် အပြုသဘောဆောင်သော စိတ်နေစိတ်ထားများ ပျိုးထောင်နိုင်စေရန်အတွက် ဤစာအုပ်လေးကို စီစဉ်ဖြစ်ပါသည်။
#ကောင်းမှုဒိုင်ယာရီ #thismomentzone

image