အမျိုးသားငံပြာရည် - ပင်လယ်စာဆော့ လုပ်နည်း
ဒီအချဥ်ရည်စပ်နည်းက အရမ်းစားလို့ကောင်းပြီး အိမ်မှာစားဖို့ လုပ်လို့ရသလို၊ စီးပွားဖြစ်လုပ်ပြီး ရောင်းလို့လည်းရပါတယ်။
ဒီနည်းကို သိမ်းထားပြီး လုပ်ကြည့်ပါ။
ပါဝင်ပစ္စည်းများ.....
- ငံပြာရည် ၂ ဆ
- သံပုရာရည် ၂ ဆ
- ထန်းလျက် ၁ ဆ
- ကြက်သွန်ဖြူ ၁/၂ ဆ
- နံနံပင် ၁/၂ ဆ
- ငရုတ်သီးစိမ်း စိတ်ကြိုက်
- ဟင်းချိုမှုန့် စိတ်ကြိုက် ချိန်ထည့်ပါ။
" ဆ " ဆိုတာ ငံပြာရည်း ၁ ဇွန်းဆို သံပုရာရည်လဲ ဆတူ ၁ ဇွန်း လို့ပြောတာပါ။
ပြင်ဆင်နည်း .........
ငရုတ်သီးကို အညှာမဖြတ်ဘဲ ထည့်ကြိတ်လိုက်ရင် ပိုမွှေးပါတယ်။
စီးပွားဖြစ်လုပ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို သီးသန့်ကြိတ်ပြီးမှ ရောစပ်ပါ။
ထောင်ပြီး သို့ ကြိတ်ပြီး ပါဝင်ပစ္စည်းအားလုံးရောမွှေလိုက်ရင် စားကောင်းတဲ့ ပင်လယ်စာအချဥ်ရည် စားလို့ရပါပြီး။
ရေခဲသေတ္တာထဲထည့်သိမ်းထားရင် ၅ ရက်လောက်အထားခံပါတယ်။
#monsoung
#crd

image