ကျွန်တော်တို့၏ သုညဖြစ်သွားသော ဘဝများစွာကို ရိုးရှင်းစွာဖြင့် မည်သို့ပြန်လည်တည်ဆောက်နိုင်မည်နည်း ။
“သုညမှသုခသို့” (မရှိခြင်းဖြင့် ချမ်းသာခြင်း) သည် တစ်နှစ်တာကာလ စိတ်ပျက် လက်ပျက်ဖြစ်နေသော လူတစ်ယောက်၏ ကြိုးစားအားထုတ်မှု တစ်ခုဖြစ်ပါသည် ။ တစ်နှစ်အတွင်း စာအုပ်အဖြစ် စာပြန်ရေးဖြစ်သည့် တစ်အုပ်တည်းသော စာအုပ်လည်း ဖြစ်သည် ။
ဤစာအုပ်ပါ အကြောင်းအရာများမှာ ဆက်တိုက်တွေး ၊ ဆက်တိုက်ရေးရသဖြင့်လည်း Facebook ပေါ်မတင်ဖြစ်သော စာများဖြစ်ပါသည် ။
ကျွန်တော့်လိုပင် သုညဘဝတွေကို ရောက်သွားသူတွေ များစွာ ရှိပါလိမ့်မည် ။ ကျွန်တော်တို့ သုခချမ်းသာကို မည်သို့ပြန်လည်ရယူနိုင်မည်နည်း ။
ကျွန်တော်တို့ ဘဝတွေကို မရှိခြင်းမှသည် ရှိခြင်းသို့ ပြန်လည်တည်ဆောက်ကြရမည် ။ ဘာကို ရှိပြီး ၊ ဘာကို မရှိအောင်လုပ်ကြမည်နည်း ။
စာရေးခြင်းကလွဲပြီး အခြားဘာမျှမရှိသူတစ်ဦး၏ ချမ်းသာပီတိသုခအား မျှဝေခြင်းဖြစ်ပါသည် ။
"ငါ" ၊ "င့ါပစ္စည်း" ၊ "င့ါဟာ" ဆိုသည်များမှာ စွဲလမ်းမှု၏ အရင်းခံများသာ ဖြစ်သည် ။ ထို"ငါ"များကြောင့်ပင် မလုပ်သင့်တာတွေကို လုပ်မိသည် ။ မမှားသင့်တာတွေကို မှားကြသည် ။
လူတိုင်း "ငါ" ဆိုသည့် အတ္တ၏ ကျေးကျွန်များဘ၀ကို တစ်နည်းမဟုတ်တစ်နည်းဖြင့် ရောက်ကုန်ကြသည် ။
င့ါဥစ္စာ ၊ ငါ့ရွှေ ၊ ငါ့ငွေ ၊ ငါ့အာဏာ ၊ င့ါအမည် ၊ ငါ့မယား ၊ ငါ့သားဆိုသည့် အစွဲတွေ မပြုတ်သေးသမျှ ငြိမ်းချမ်းသောဘ၀တွေနှင့် ဝေးကွာနေကြဦးမည်သာ ဖြစ်သည် ။ "ငါ" ဆိုသည့် အရာနောက်ကွယ်တွင် ပိုင်ဆိုင်လိုခြင်း ၊ ရယူလိုခြင်း ၊ သိမ်းပိုက်လိုခြင်းတွေက ပါဝင်လာသည် ။
လူ့ဘ၀ဆိုသည်မှာ ရယူလိုခြင်းလား ၊ ပေးဆပ်လိုခြင်းလားဆိုသည့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေမှာ ငါစွဲကြီးလာလျှင် ပျောက်ကွယ်လာသည် ။
#မရှိခြင်းဖြင့်ချမ်းသာခြင်း #တင်ညွန့်
