5 w - Translate

MacBook တွေလို Uni-metal Body ဖြစ်တော့မယ် 👀
.
Apple ကနေ လာမယ့် iPhone 17 Series ဖုန်းတွေမှာ Base Model ကလွဲပြီး iPhone 17 Air | iPhone 17 Pro | Pro Max တွေကို ဒီဇိုင်းပြောင်းမှာ သေချာသလောက်ဖြစ်နေပါပြီ။ ဒါက အပြင်ပန်း ဒီဇိုင်းတင်မဟုတ်ပဲ အတွင်းပိုင်းမှာပါ ပြောင်းလဲမယ့်ပုံစံပါပဲ...​။​
ဘာကြောင့်လဲဆိုရင် အစောပိုင်း iPhone 17 Series Leak ပုံတွေ ထုတ်ပြဖူးတဲ့ Leaker တစ်ဦး - Majin Bu ကနေ X (Twitter) မှာ iPhone 17 Pro Max is Ready ဆိုပြီး Body Housing ဓါတ်ပုံတွေကို ဖော်ပြလိုက်တာကြောင့်ဖြစ်ပါတယ်.
အခုပုံမှာ အသိသာဆုံးပြောင်းလဲမှုက သတင်းတွေထွက်ထားသလို Camera Design က Camera Bar ပုံစံနဲ့ LiDAR | Flash Light တွေက ထောင့်ရောက်နေတဲ့အပြင် ကိုယ်ထည်တစ်ခုလုံးက Uni-metal Body Chassis ဖြစ်နေတာပဲဖြစ်ပါတယ်။​ MagSafe Wireless Charging အတွက်ကိုပဲ အဝိုင်းပုံစံ ကွက်ပြီး ဖောက်ထားပြီး ကျန်တဲ့ Body Chassis အကုန်လုံးက Metal Body ဖြစ်လာမှာပါ။
ဒါဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပြီး သတင်းထွက်ထားသလို ဖုန်းနောက်ဖက်မှာ Glass Back ပါနိုင်ပေမယ့်လည်း အတွင်းပိုင်း Metal Body Chasis ဖြစ်သွားတာကြောင့် အကြမ်းခံနိုင်မှုပိုင်းမှာ သိသိသာသာပိုကောင်းလာနိုင်ပါတယ်။ ကျိန်းသေတာက JerryRigEverything မှာ မ Fail လောက်တော့ဘူး။ 🫠
ဘာပဲဖြစ်ဖြစ် အခုအချိန်က ဖုန်းမိတ်ဆက်ဖို့ လပိုင်းလိုသေးတာကြောင့် အခု Leak သတင်းတွေက ယုံဖို့ခက်နေသေးတယ်ဆိုပေမယ့်လည်း ပုံအရတော့ Legit ဖြစ်နိုင်ခြေများနေတာနဲ့ ပြန်ရေးဖြစ်တာပါ...။​

image