Peaky Blinders: The Immortal Man ကို ရုံတင်ဖို့ ဆန္ဒပြင်းပြနေတဲ့ ဖန်တီးသူ Steven Knight
Tommy Shelby ဦးဆောင်တဲ့ Peaky Blinders ဂိုဏ်းသားတွေ သောင်းကျန်းကြမယ့် Peaky Blinders: The Immortal Man လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကို ပိတ်ကားပေါ်တင်ပြီးတော့ ပရိသတ်တွေကို ရုံမှာလာကြည့်စေချင်တယ်လို့ ရှိုးဖန်တီးသူ Steven Knight က သတင်းစကားပါးလိုက်ပါတယ်။
၂၀၁၃ -၂၀၂၂ အတွင်း Netflix မှာ ပြသခဲ့ပြီးတော့ နာမည်ကြီး လူကြိုက်များတဲ့အပြင် ဇာတ်လမ်းတွဲ (၆) ခုအထိ ရှိခဲ့တဲ့ Peaky Blinders ကို စာရေးဆရာဖြစ်တဲ့ Steven Knight က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
Steven Knight ရဲ့ အဆိုအရ အရင်က ထွက်ရှိခဲ့တဲ့ Peaky Blinders ဇာတ်လမ်းတွဲတွေကို ရုပ်ရှင်ပရိသတ်တွေအနေနဲ့ အင်တာနက်ပေါ်ကနေပဲ ကြည့်ခဲ့ရတာဖြစ်ပြီးတော့ ထွက်ရှိလာမယ့် ရုပ်ရှင်အသစ်ကို သူ့အနေနဲ့ ရုံတင်ပြသစေချင်ပြီး ဒါမှသာ လူတွေက တစ်နေရာတည်းမှာ အတူထိုင်ပြီးတော့ ရုပ်ရှင်အရသာကို အပြည့်အဝခံစားစေချင်တယ်လို့ သူက ဆိုပါတယ်။
Peaky Blinders ရုပ်ရှင်မှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Cillian Murphy က ပြန်လည်ပါဝင်လာမှာဖြစ်တဲ့အပြင် ဒီရုပ်ရှင်ကို သူကပဲ ထုတ်လုပ်သွားမှာဖြစ်ပြီးတော့ ဒါရိုက်တာ Tom Harper က ရိုက်ကူးထားတာပါ။
လက်ရှိအချိန်မှာ Peaky Blinders: The Immortal Man ရုပ်ရှင်ကို ရိုက်ကူးရေးပြီးဆုံးသွားပြီလို့ ယူဆရပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရုပ်ရှင်ပရိသတ်တွေအနေနဲ့ ပိတ်ကားပေါ် မြင်ရဖို့ ရှိနေပါတယ်။

image