23 w - Translate

မက်ဆီ-ဘူစီ-ဆွာရက်ဇ်တို့ရဲ့ လှပတဲ့ တွဲလုံးတွေနဲ့ အတူ (နယူးအင်္ဂလန် ၁-၄ မိုင်ယာမီ)
...........................................

မိုင်ယာမီ အသင်းဟာ ပြိုင်ဘက် နယူးအင်္ဂလန် နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရာမှာတော့ ပွဲအစ ၁ မိနစ်မှာတင် ဂိုးသမား ဒရိတ် ရဲ့ အားနည်းချက်ကနေ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး ဖိအားတွေ များခဲ့ပါတယ်။

ဒါပေမယ့် ကပ္ပတိန် မက်ဆီ ရဲ့ ဦးဆောင်မှု အောက်မှာ ပွဲကို ပြန်လည် စိုးမိုး ခဲ့ပြီး မက်ဆီ၊ဆွာရက်ဇ်၊ခရာမာချီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပါတယ်။

မက်ဆီကတော့ ၂ ဂိုးသွင်း ၂ ဂိုးဖန် တီးပေးပြီး အထူး ခြေစွမ်းပြသွားတယ် ဆိုပေမယ့် သွင်းဂိုးမှတ်တမ်းတွေအတွက် မတရား စိတ်နှစ်ပြီး ကစားသွားတာမျိုး မဟုတ်ပဲ ဟက်ထရစ် သွင်းဖို့ထက် အသင်းဖေါ်တွေ ဂိုးသွင်းဖို့ အဓိက အာရုံစိုက် ပံ့ပိုးပေးခဲ့ပြီး ဖျော်ဖြေမှု ပေးတဲ့ စတိုင်နဲ့ပဲ ပေါ့ပေါ့ပါးပါး ကစားသွားခဲ့တာပါ။

မက်ဆီရဲ့ သွင်းဂိုး ၁ဂိုးကို ဘက်စ်ကွက် က ဖန်တီးပေးခဲ့သလို ဆွာရက်ဇ်ရဲ့ သွင်းဂိုးကို မက်ဆီက ဖန်တီးပေးခဲ့တာပါ။

မက်ဆီ-ဆွာရက်ဇ်- ဘက်စ်ကွက်စ် တို့ ချိတ်ဆက် ကစားပုံဟာ အရင် ဘာစီလိုနာမှာ ကစားစဥ်ကလောက် လျင်မြန်မှု မရှိတော့ပေမယ့် ပရိတ်သတ်တွေအတွက် သူတို့ရဲ့ ရွှေရောင် နေ့ရက်တွေကို အလွမ်းပြေ ပြန်လည် အားပေးခွင့် ရတာပဲ တန်လွန်းနေပါပြီ။

ပြောရရင်တော့… ခုခေတ်မှာ အကောင်းဆုံး ကင်မရာ effects, အဆင့်မြင့် နည်းပညာ၊ ခေတ်လွန် CGI တွေ သုံးပြီး ရုပ်ရှင်ကားတွေ ထွက်နေပေမယ့်လည်း.. IMDb 10 ရရှိထားတဲ့ ထာဝရ အကောင်းဆုံး ခေတ်ဟောင်း ဂန္တဝင် ရုပ်ရှင်ကားကြီးကို ပြန်ကြည့်ရတဲ့ ရသ မျိုးပါပဲ။
Credit to Soe Nae Thit

image
image
image