23 w - Translate

⚠️ ဖုန်း Service အပ်ရင် ကိုယ့်ရဲ့အတွင်းရေးတွေ ပေါက်ကြားပြီး ပြဿနာတွေဖြစ်နိုင်လို့ ဖုန်းကုမ္ပဏီတချိူ့က ဖြေရှင်းပေးထားတဲ့ နည်းလမ်းတွေရှိပါတယ်။

Samsung ဆိုရင် Maintenance Mode ဆိုပြီး လုပ်ပေးထားတယ်။ Android 13 (One UI 5. နဲ့အထက်ရတဲ့ Samsung ဖုန်းတွေမှာ သုံးနိုင်တယ်။ ဖုန်း Setting ထဲမှာ Maintenance Mode လို့ ရိုက်ရှာပြီး Setup လုပ်လိုက်ရုံပဲ။ ဒီလိုလုပ်ထားရင် Service အပ်တဲ့အခါမှာ ကိုယ့်ဖုန်းက အသစ်တစ်လုံးလို ဖြစ်နေမယ်။ ဖုန်းပြင်မဲ့သူကိုလည်း Password ပေးစရာမလိုတော့ဘူး။

ဖုန်းပြင်ပြီးသွားလို့ Maintenance Mode ကို ပိတ်လိုက်ရင် အရင်တုန်းက ကိုယ်သုံးခဲ့တဲ့အတိုင်းပဲ ပြန်ဖြစ်နေမယ်။ ဘာတစ်ခုမှ ပျက်မသွားဘူး။

Google Pixel ဖုန်းတွေမှာတော့ Repair Mode ဆိုပြီးပါတယ်။ iPhone ဆိုရင်တော့ Assistive Access ကို သုံးပြီးလုပ်လို့ရပါတယ်။ အားလုံး Privacy ပေါက်ကြားခြင်းမှ ကင်းဝေးကြပါစေ။

image