23 w - Translate

လက်ကျန်(၅)ပွဲမှာ (၄)မှတ်ပဲလိုတော့တဲ့ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လာလီဂါ ချန်ပီယံဖြစ်ခွင့်

ရီးရဲလ်မက်ဒရစ်အသင်းသည် လာလီဂါပွဲစဉ်(၃၃)တွင် ဆိုဆီဒတ်စ်အသင်းကို အဝေးကွင်း၌ (၁-ဝ)ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ယခုရာသီတွင် လာလီဂါချန်ပီယံဆုရယူရန် နောက်ထပ်(၄)မှတ်သာ လိုအပ်တော့သည်။နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းသည် ယင်းပွဲအပြီး ရမှတ်(၈၄)မှတ်ရရှိထားပြီး ဒုတိယနေရာမှ ဂျီရိုနာအသင်းအား ပွဲတူ (၁၃)မှတ်ဖြတ်ထားနိုင်သလို တတိယနေရာမှ ဘာစီလိုနာအသင်း(တစ်ပွဲလျော့)အား ရမှတ်(၁၄)မှတ်အထိ ဖြတ်ထားရာ လက်ကျန်(၅)ပွဲတွင် ရမှတ်(၄)မှတ်ရယူရုံဖြင့် လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက် လာလီဂါချန်ပီယံဆုကို (၃၅)ကြိမ်ရယူထားပြီး လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းက (၂၇)ကြိမ်ရရှိထားသည်။ယခုရာသီတွင် လာလီဂါချန်ပီယံဆုကို ရရှိခဲ့ပါက ရီးရဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြိုင်ဘက်ဘာစီလိုနာအသင်းကို ချန်ပီယံ(၉)ကြိမ်အထိ အသာရနိုင်မည်ဖြစ်သည်။

image