23 w - Translate

၁၄ နှစ်ကြာပြီးတဲ့နောက် iPad ကို Calculator ရောက်လာခဲ့ပြီ

၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ Apple က iPad မှာ Calculator ကိုထည့်ပေးဖို့ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။ ဒါ့အပြင် Revamp လုပ်ထားပြီး Features အသစ်တွေလည်း ပါလာဦးမယ်လို့ပါ သိထားရပါသေးတယ်။

Calculator History, Notes App နဲ့ချိတ်ထားတဲ့ Maths Calculation, Currency Exchange, Unit Conversion တွေအပြင် Calculator ကို Basic, scientific နဲ့ programmer ဆိုပြီး Mode ၃ ခုပါပြောင်းလို့ရဦးမှာပါ။

iPad က Calculator ကို Pop Up အနေနဲ့ Resize သုံးလို့ရအောင်ထိပါ လုပ်ပေးမယ်ဆိုတော့ အတော်လေး မိုက်သွားပြီဗျ။ Beta Update တွေကိုတော့ လာမယ့် September မှာပါ စထုတ်ပေးမှာဖြစ်ပြီး iPadOs 18 သုံးလို့ရမယ့် iPad Model တွေပဲ Calculator ပါလာမယ့် သဘောရှိမှာဆိုတော့ Model အဟောင်းတွေကတော့ ဝမ်းနည်းစရာသတင်းပါပဲ။

Credit to AkhayarTech

image