23 w - Translate

ကျနော်တို့ကိုယ်တိုင်က ဖုန်းတွေ ဘယ်လောက်ပေါ့ကြောင်းပြောရင် ဒီဖုန်းကတော့ 160g ပဲရှိလို့ပေါ့တယ် ဆိုတာကနေစမယ်ဗျာ

တကယ်က လူတစ်ယောက်က ဖုန်းကိုင်ရင် ဒီတိုင်း ဘာမှ မတပ်ပဲကိုင်တာမျိုးက ရှားတယ်

ဒီလိုနဲ့ စာရေးသူ Scale တစ်ခုဝယ်လာပြီး ဟိုစမ်းဒီစမ်းလိုက်စမ်းကြည့်တော့

ဖုန်းမှန်ကပ် Tempered Glass (မှန်မကွဲ) တစ်ခု အလေးချိန်က 10-15 g လောက်လေးတယ်

သာမန် Film မှန်ကပ်က 2g ဝန်းကျင်

Silicone ကာဗာ က 30g ဝန်းကျင် အထိတောင်ရှိသဗျာ ကာဗာ အထူတွေဆို ပိုတောင်လေးဦးမယ်

ဆိုတော့ ဖုန်းအလေးချိန်က 160g ရှိတယ်ဆိုပါစို့ မှန်ကပ် + ကာဗာ ကပ်လိုက်ရင် 30-50g အလောက် ထပ်တိုးပြီး ကိုင်ဖို့ အထိ တွေးထားရတော့မယ်

ဒါတောင် iPhone ကိုင်တဲ့သူတွေ အကြိုက် ကင်မရာကပ်တို့ ဘာတို့ တပ်ထားတာ မပါသေးဖူး

30-50g က ဂဏန်းအရ မများဘူးသာထင်ရတာ တွက်ကြည့်ရင် ဒါက ဖုန်းတစ်လုံးရဲ့ 15% ကနေ 30% ဝန်းကျင်ရှိတာဆိုတော့ ပေါ့တဲ့ ပမာဏတော့ မဟုတ်ဘူးပြောရမှာပဲ

ဖုန်းကို ဘယ်လိုကိုင်ဖြစ်ကြလဲ ကာဗာ+မှန်ကပ် တွေတပ်ဖြစ်ကြလား ဘာမှ မတပ်ပဲ ကိုင်ဖြစ်ကြလားပြောပြခဲ့ပါဦး

Test Phone
iPhone 15 Pro Max - 221g
Tempered Glass - 13g~
Cover - 30g~
Total Weight - 265g ~
ကာဗာနဲ့ မှန်ကပ် တပ်လိုက်လို့ ပိုလေးသွားတဲ့ပမာဏက ဖုန်းအလေးချိန်ရဲ့ 20% အထိ ရှိပါတယ်

မှန်ကပ်နဲ့ ကာဗာတွေကို ဖုန်းရဲ့ အလေးချိန် 15% -30% ပိုအလေးခံပြီး တပ်ကိုင်သင့်ရဲ့လား?

image