23 w - Translate

မန်ယူနိုက်တက်နည်းပြအဖြစ်ဆက်ရှိနေရင်လစာငွေ လျှော့ယူရတော့မယ်
တန်ဟတ်

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်သည် လာမည့်ရာသီတွင် မန်ယူနိုက်တက်အသင်းနည်းပြအဖြစ်ဆက်ရှိနေမည်ဆိုပါက လက်ရှိရရှိနေသည့်လစာ၏ (၄)ပုံ(၁)ပုံကို လျှော့ယူရမည်ဖြစ်ကြောင်း သိရသည်။တန်ဟတ်နှင့် မန်ယူနိုက်တက်အသင်းတို့ ချုပ်ဆိုထားသော စာချုပ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရယူမပေးနိုင်ပါက လာမည့်ရာသီတွင် လစာ(၄)ပုံ(၁)ပုံ လျှော့ယူရမည့် အချက်ပါဝင်ကြောင်း သိရသည်။မန်ယူနိုက်တက်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမည့်အဆင့်(၄)နေရာနှင့် ရမှတ်များစွာ ကွာဟနေသည့်အပြင် ယခုရာသီဥရောပအဆင့်သတ်မှတ်ချက်အရ အင်္ဂလန်နိုင်ငံအနေဖြင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်အပိုတစ်နေရာ မရတော့ရန် သေချာသလောက်ဖြစ်နေရာ မန်ယူနိုက်တက်အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်မှာ ပျက်ပြယ်ရန်သေချာနေပြီဖြစ်သည်။သို့ဖြစ်ရာ တန်ဟတ်အနေဖြင့် လာမည့်ရာသီတွင် မန်ယူနိုက်တက်အသင်းနည်းပြအဖြစ်ဆက်ရှိနေမည်ဆိုပါက လစာငွေလျှော့ယူရရန်လည်း သေချာနေခြင်းဖြစ်သည်။တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပွဲစဉ်(၃၅)အဖြစ် ဘန်လေအသင်းနဲ့ ကစားခဲ့သည့်ပွဲစဉ်တွင် နိုင်ပွဲမရခဲ့ဘဲ ဧည့်သည့်အသင်းရဲ့နောက်ကျဂိုးဖြင့် သရေသာရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့်(၆)နေရာတွင် ရပ်တည်နေသည်။

image