31 w - Translate

ချဉ်ပေါင်ဟင်း ချဉ်စပ်စပ်လေး
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶

ချဉ်ပေါင်ကိုရေဆေးပြီး သင်ထားပါ
မျှစ်ကိုလည်း သေးသေးလေးတွေရအောင် ခြစ်ပါ
ငရုတ်သီးစိမ်း (ပင်အပ်သီး) လေးကို နှစ်ခြမ်းခွဲထားပေးပါ
ပြီးရင် အိုးထဲကို ချဉ်ပေါင် မျှစ် ငရုတ်သီးသီးစိမ်းခွဲထားတာရယ် ငါးပိနည်းနည်း ကြက်သွန်နီတစ်ဥ ခရမ်းချဉ်သီးတစ်လုံး (ပါးပါးလှီး) ပုဇွန်​ခြောက်မှုန့်နည်းနည်း ဆား အသားမှုန့် ဆီ အားလုံးပစ်ထည့်ပြီး နယ်ပေးပါ
မီးဖိုပေါ်တင်ခါနီး လက်ဆေးရေ အနည်းငယ်ထည့်ပါ
လက်ဆေးရေဆိုတာလေ ခုနနယ်ထားလို့ လက်မှာ ပေနေတာတွေကို ရေလေး နည်းနည်း ဆေးချပြီး ထည့်ရတာပါနော် 😁
မင်မင် ငယ်ငယ်က မေမေက ခက်ဆေးရေ ထည့်ဆိုတာကို ဆပ်ပြာနဲ့ အကျအနဆေးပြီး ဆပ်ပြာရည်တွေ အိုးထဲထည့်လို့ အရိုက်ခံရဖူးတယ် 😜😜😜

လက်ဆေးရည်လေး ခမ်းလို့ ဆီသံလေးဖျစ်ဖျစ်မြည်ရင် ရေနွေးနည်းနည်းထည့်ပြီး ခဏဆက်တည်ထားပါ ပွက်လာရင်အပေည့အငန်မြည်းပြီး သုံးဆောင်လို့ရပါပြီရှင့်

အားလုံးပဲ ထမင်းမြိန်ကြပါစေရှင်...

image