တစ်ယောက်ယောက်ကို ချစ်ချင်လား
ချစ်ပစ်လိုက်၊
တစ်ခုခုကို လုပ်ချင်နေလား
လုပ်ပစ်လိုက်၊
တစ်နေရာရာကို သွားချင်လား
သွားပစ်လိုက်၊
ပြီးရင် မေ့ပစ်လိုက်၊ ဘာမှမမျှော်လင့်နဲ့၊
ဘာကိုမှ အစွဲအလမ်းမထားနဲ့၊
ဒါက အကောင်းဆုံးသော
ဘဝနေထိုင်နည်းတစ်ခုပဲ၊
ငါတို့ရဲ့စုတ်ပျက်နေတဲ့ လူနေမှုဘဝမှာ
လုပ်ချင်တာတွေ လုပ်ပြီးလို့
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
"နေတတ်"အောင်သင်ယူဖို့ကလည်း
တကယ် အရေးကြီးတယ် ။
