23 w - Translate

ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)စနေနေ့ပွဲစဉ်များအပြီးအမှတ်ပေးဇယားထိပ်ဆုံး(၆)သင်းရပ်တည်မှု

ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)စနေနေ့ပွဲစဉ်များအပြီးအမှတ်ပေးဇယားထိပ်ဆုံးတွင် အာတေတာရဲ့အာဆင်နယ်အသင်းက (၇၇)မှတ်ဖြင့်ဦးဆောင်နေသည်။ဒုတိယနေရာတွင် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းက (၇၆)မှတ်၊တတိယနေရာတွင် လန်ဒန်မှာသရေသာရခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက (၇၅)မှတ်၊စတုတ္ထနေရာတွင် အိမ်ကွင်းမှာသရေသာရခဲ့တဲ့ အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၇)မှတ်၊ပဉ္စမနေရာတွင် ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၆၀)မှတ်၊ဆဌမနေရာတွင် အိုးထရက်ဖို့ဒ်မှာ သရေသာရခဲ့တဲ့ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၅၄)မှတ်ဖြင့် အစဉ်လိုက်ရပ်တည်နေသည်။အာဆင်နယ်၊မန်စီးတီး၊တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ပွဲစဉ်များကို စူပါဆန်းဒေးတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

image