ပိုကောင်းတဲ့ ကမ္ဘာဖြစ်လာဖို့အတွက်
ကိုယ့်ကိုယ်ကိုယ် ကောင်းအောင်
အရင်ပြုပြင်မှရမယ်.....
ပိုရင့်ကျက်ရမယ်
အကျင့်သိက္ခာ ပိုပြီး ခိုင်မြဲအောင် ကြိုးစားရမယ် ။
ဒါပေမဲ့ ဒါတွေကို ဘယ်လိုလုပ်မလဲ ?
ရှင်းရှင်းလေးရယ်...
ဆုံးဖြတ်ချက် တစ်ခုစီတိုင်းမှာ အချိန်တစ်ခုစီတိုင်းမှာ
လူသားအားလုံးကို ပန်းတိုင်တွေအဖြစ် မြင်ပြီး
ဆက်ဆံပေးဖို့ ပြေးလမ်းတွေလို အသုံးမချဖို့ ကြိုးစားရုံပဲ ။
ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် တမင်မလုပ်နဲ့ ။
အာရုံမထွေပြားစေနေနဲ့ ။
တာဝန်တွေကို မလျှော့ပစ်နဲ့ ။
အကြောက်တရားကို အရှုံးမပေးလိုက်နဲ့ ။
ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ချစ်တတ်ပါစေ ။
အရေးမပါတဲ့ တဒင်္ဂပဲခံတဲ့ ဆန္ဒတွေကို ဦးစားမပေးနဲ့ ။
ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်မှာ သေချာပေါက်
ရှိနေမှာဆို့လို့ စက္ကန့်တိုင်း တဒင်္ဂတိုင်းမှာ
ချမှတ်နေတဲ့ ဆုံးဖြတ်ချက်တွေပဲ ရှိတယ် ။
ဂရုမစိုက်ခြင်းအနုပညာ စာအုပ်၏နောက်ဆက်တွဲ......
#မျှော်လင့်ခြင်းဖတ်စာ
#ချမ်းမြေ့ဝင်း
