အလွယ်ကူဆုံးသာကူပြင် သာကူလုံး လုပ်နည်း
သာကူ 400g
သကြား၊ 200g
အုန်းနို့250mlတဗူး
အုန်းသီး တခြမ်း(ခြစ်ထားပါ)
ဆားလက်ဖက်ရည်တဇွန်း
သာကူကိုရေဆေးပြီး ဆယ်မိနစ်လောက်စိမ်ထားပါ
ပြီးရင် သာကူကိုရေစစ်ပြီးသကြား ၊အုန်းနို့ ၊ဆား၊အုန်းသီးခြစ်ထားတာတွေကိုထည့်ပြီးသမအောင်သာသာလေးမွေပေးပါ။
ပြီးရင်ပေါင်းမဲ့ခွက်ကိုဆီသုပ်ပြီးသာကူတွေထည့်ပြီးရေနွေးငွေ့နဲ့နာရီဝက်နီးပါးလောက်ပေါင်းပြီးရင်ရပါပြီ
ပြီးရင်အအေးခံပြီးလိုသလိုလှီးပြီးအုန်းသီးခြစ်လေးဖြူးစားလို့ရပါပြီ

image
image
image
image