5 w - Translate

ကျွန်တော်တို့ဟာ
အနုပညာရှင်တစ်ယောက်ကို
သူသေဆုံးပြီးမှသာ
ပိုမိုနားလည်ခဲ့ကြတယ်။
မြို့မငြိမ်းရဲ့ နောက်ဆုံးရေးစပ်ခဲ့တဲ့
သီချင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့
“တိမ်လွှာမို့မိုလွင်”မှာ မြို့မငြိမ်းရဲ့
ညှိုးငယ်ဝမ်းနည်းမှုကိုတွေ့ရတယ်။
သူ့ဘဝအပေါ်ကို
တဖြည်းဖြည်း အုံ့ဆိုင်းလာတဲ့
မပျော်ရွှင်မှုကိုတွေ့ရတယ်။
မြို့မငြိမ်းဟာ
အနုပညာရဲ့ဒဏ်ကို မခံနိုင်ခဲ့ဘူး။
ဘာဖြစ်လို့လဲဆိုတော့
သူမျှော်မှန်းခဲ့တဲ့
အနုပညာဟာ အင်မတန်မှ လှပတဲ့၊
လျှို့ဝှက်နက်နဲတဲ့၊ ဒြပ်မဲ့တဲ့၊
ကြီးကြယ်မြင့်မြတ်တဲ့
အနုပညာ ဖြစ်လို့ပဲ။ မြို့မငြိမ်းရဲ့
အနုပညာအတွက်စတေးမှုဟာ
အပေါစားအနုပညာရှင်တွေကို
တုန်လှုပ်စေခဲ့တယ်။ မြို့မငြိမ်းဟာ
အနုပညာလောကအတွက်
လေးနက်မှုကို အမွေအဖြစ် ထားရစ်ခဲ့တယ်။

▪️အောင်ခင်မြင့်▪️

" တိမ်လွှာမို့မို့လွင်မှသည်
ပိုစ့်မော်ဒန်အနုပညာဆီသို့ "

image