iPhone 17 Air က 2025 ရဲ့ အပါးဆုံးဖုန်းဖြစ်လားမလား
2025 မှာ Siri အသစ်မလာတော့မယ့် သတင်းနဲ့ပတ်သတ်ပြီး တအားကြီး serious မဖြစ်လိုက်ပါနဲ့ဦး။ 2025 ရဲ့ အပါးဆုံးဖုန်းကို Apple က ထုတ်နေပါပြီ။ iPhone 17 Air လိုယူဆရမယ့် ဖုန်းတစ်လုံးဟာ အထူ 5.5mm နဲ့ ထွက်ရှိလာနိုင်တယ်ဆိုပြီး Leakster Ice Universe ကနေ အတိအကျဖော်ပြလာတာပါ။
iPhone 17 Air ဟာ iPhone 17 Pro Max နဲ့ အရွယ်အစား ၊ ဒီဇိုင်းနဲ့ Spec: အချို့ကအစ တူညီမှုရှိမှာဖြစ်ပြီး ကွာခြားသွားမှာဆိုလို့ အထူပဲရှိမယ်လို့ ဆိုထားပါတယ်။
iPhone 17 Pro Max ရဲ့ Leak အရ ဘတ်ထရီများများပါလာနိုင်ခြေရှိနေပြီး အထူကတော့ 8.725 ရှိမှာပါ။ iPhone 17 Air ရဲ့ အထူက 5.5mm ဆိုတော့ တော်တော်လေးကို ပါးမယ့်ပုံပါပဲ။
အပေါ်မှာပြောခဲ့သမျှ တထစ်ချမယုံလိုက်ပါနဲ့ဦး။ ဘယ်လောက်ပဲ အတိအကျဆိုပါစေ Leak ပဲဖြစ်နေသေးလို့ပါ။
ဆိုတော့ iPhone 17 Line up မှာ ဘယ်လိုဂယက်တွေ မြင်ရမလဲမသိ။ လိုတော့လိုပါသေးတယ်။ စက်တင်ဘာလောက်မှ လာမှာဆိုတော့ ထပ်ပြီးဆန်းကြယ်တဲ့ Leak တွေ ထပ်ထွက်လာဦးမှာပါ။
