6 w - Translate

#ပြည်တွင်းသတင်း
◼ဆီဆိုင်နှင့်ပင်လောင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် သောက်သုံးရေရှားပါးပြတ်လပ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်နှင့်ပင်လောင်းမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် သောက်သုံးရေရှားပါးမှုဖြင့် ကြုံတွေနေရကြောင်း စစ်ဘေးရှောင်များကိုကူညီနေသူများထံမှသိရသည်။
ဆီဆိုင်မြို့ရှိကျေးရွာများနှင့် အမြင့်ပိုင်းရပ်ကွက်များတွင် ဂျပန်နိုင်ငံ Terra People Association (TPA) မှလှူဒါန်းထားသည့် သောက်သုံးရေကိုသာအားကိုးနေရပြီး ရပ်ကွက်များတွင် ရာသီဥတုပူပြင်းခြင်း၊ ရေတင်ရန်မီးမလာခြင်းနှင့် ရေကန်များခမ်းခြောက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းတို့ထံမှသိရသည်။
လက်ရှိဆီဆိုင်မြို့တွင် ဇဝနာရာမစာသင်တိုက်မှ သံဃာတော်များဦးဆောင်ကာ မီးစက်ဖြင့်ရေတင်ခြင်း လုပ်ငန်းများလုပ်ဆောင်နေပြီး ပွန်ချောင်းအရှေ့ဘက်ရှစ်မိုင်အကွာမှ ပွန်ချောင်းအနောက်ဘက်သောင်းဖြီနာရွာသို့ရေရောက်ရှိရန် ပိုက်ဆက်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြောင်းသိရသည်။
ထို့ပြင်ပင်လောင်းမြို့နယ် တောင်ဘက်ခြမ်းရှိ ဝါလီးကျေးရွာ၊ တောင်လေးကျေးရွာ၊ ပင်ခွန်ကျေးရွာ၊ နမ့်ဖာမူ ကျေးရွာ၊ ဆောင်းခါးကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ ဆောင်ပြောင်းကျေးရွာ၊ ထီဗွားကျေးရွာနှင့် လိန့်ညားကျေးရွာများတွင် သောက်သုံးရေရှားပါးမှုပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များကိုကူညီနေသူများကပြောသည်။
‌“ဒီလိုအချိန်ဆို ရေရှားပါးတာကစလာတာပဲ။ ကျန်တဲ့အချိန်တွေကမိုး‌ရေရယ်၊ တောင်ကျရေရယ် ရှိတာလေးသုံးနေရတာ။ နောက်ပိုင်းရာသီဥတုပူလာရင် ရေရှားတာကဒီထက်ပိုပြီးဆိုးလာမှာ။ သောက်သုံးရေပုံမှန်ရဖို့ ဒီဘက်မှာမလွယ်ဘူး”ဟုစစ်ဘေးရှောင်များကိုကူညီနေသူတစ်ဦးကပြောသည်။
လက်ရှိဆီဆိုင်မြို့တွင်ရေကားတစ်စီးလျှင် ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိပေးဝယ်နေရပြီး၊ ပင်လောင်းမြို့ရှိကျေးရွာများတွင် ရေပေပါတစ်ပုံးလျှင်‌ ၅၀၀၀ ကျပ်ဖြင့်ပေးဝယ်နေရကြောင်း ၎င်းတို့ထံမှ သိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - CJ

image