6 w - Translate

နောက်လထဲ ထွက်မယ့် Galaxy S25 Edge ဈေးနှုန်း ပေါက်ကြား
Slim မော်ဒယ်လိုင်းဘက် သွားမယ့် Samsung Galaxy S25 Edge ရဲ့ ဈေးနဲ့ dimension တွေ leak ဖြစ်လာပါတယ်။
နောက်လထဲ မိတ်ဆက်မယ့်ဖုန်းအတွက် ထွက်တဲ့ leak ဖြစ်လို့ မှန်ဖို့ များပါတယ်။ နောက်ပြီး leaker ကလည်း နာမည်ကြီး Ice Universe ဖြစ်နေတာပါ။ MWC 2025 မှာ ခင်းပြသွားတဲ့ Galaxy S25 Edge က အပါးဆုံး Slimmest မော်ဒယ် Flagship ဖုန်းတစ်လုံးအနေနဲ့ ဈေးကွက်ထဲ ဝင်မှာပါ။
ဒီဖုန်းက Galaxy S25+ ဆိုဒ်နဲ့ လာပြီး ဈေးနှုန်းလည်း Galaxy S25+ ဈေးအတိုင်း ဖြစ်မယ်လို့ ပြောပါတယ်။ leak အတိုင်း မှန်ရင် Galaxy S25 Edge က ၆.၆၅ လက်မဆိုဒ် Screen သုံးပြီး ဒေါ်လာ ၁၀၀၀ ဈေးက စမှာပါ။
ဖုန်းဘော်ဒီအနေနဲ့ 7.3mm ရှိတဲ့ Galaxy S25 Plus ထက် သိသိသာသာကြီး ပါးလွှာမယ့် 5.84mm ဆိုဒ်နဲ့ လာဖို့ ရှိပါတယ်။ နောက်ပြီး ဖုန်းအလေးချိန်ကလည်း 162 gram ပဲ ရှိမှာဖြစ်လို့ S25 Plus ထက် 28 gram ပိုပေါ့ပါလိမ့်မယ်။
Galaxy S25 Edge မှာ body ပါးပြီး ဝိတ်ပေါ့သလို ဘေးဘောင် bezel ဆိုဒ်ကိုလည်း Galaxy S25 Ultra လိုမျိုး bezel အပျောက်နီးနီး ပါးအောင် ထုတ်လာမှာပါ။ ကျောဘက်မှာ ကင်မရာ sensor နှစ်လုံးပဲ သုံးမှာ ဖြစ်ပြီး သတင်းတွေအရတော့ 200MP Main sensor နဲ့ 12MP Ultrawide ကင်မရာသုံးမယ်လို့ ကြားထားပါတယ်။
flagship ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 8 Elite SoC ကို သုံးလာနိုင်ပါတယ်။ Slim model ဖြစ်ပေမယ့် အကြမ်းခံမှု မြင့်ဖို့ ကျောဘက် panel ကို မှန်အစား ceramic သုံးမယ်လို့လည်း ကြားပါတယ်။ rumors တွေအရ Galaxy S25 Edge ကို 25W Charging support ပါတဲ့ 3900mAh ဘက်ထရီနဲ့လာပြီး Light Blue , Black နဲ့ Silver သုံးရောင်နဲ့ ထွက်ဖို့ ရှိပါတယ်။

image