6 ပတ် - ဘာသာပြန်ပါ။

" ဒါ့ကြောင့်ပြောတာပေါ့ ။ တခြားသူရဲ့ နာကျင်မှုတွေကို
ဝင်ခံစားကြည့်တတ်တဲ့ အကျင့်မရှိလို့ ကမ္ဘာမှာ အဆိုးတွေ
နဲ့ ပြည့်နေတာ " (မြဝန်းရံ)
" ဒါပေမဲ့ အဆိုးထက် အကောင်းက ပိုအားကြီးခဲ့လို့သာ
ဒီနေ့ ဒီနေရာမှာ ကျွန်တော်တို့ ရှိနေတာ မဟုတ်ဘူးလား ။
ပိုလန်နိုင်ငံဆိုတာ နာဇီတွေ အောက်မှာလည်း နေခဲ့ရတယ်။
ကွန်မြူနစ်တွေအောက်မှာလည်း နေခဲ့ရတယ် ။ အခုတော့
ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်နေပြီ မဟုတ်လား "
(ပြည်မိုးငြိမ်း)
ပိုလန်နိုင်ငံ ၊ ပို့ဇ်နန်မြို့လေးက ကော်ဖီဆိုင်လေး တစ်ဆိုင်မှာ အမှတ်မထင် ဆုံဆည်းခဲ့ကြတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့
မတူခြားနားတဲ့ အတွေးအမြင် သဘောထားတွေနဲ့ စကားဝိုင်းလေး တစ်ခုကနေ စိန်ခေါ်မှုတစ်ခု စတင်ခဲ့တယ် ။
ရှေးဟောင်းသုတေသန ပညာရှင်ဖြစ်တဲ့ မြဝန်းရံက
အဆိုးမြင်ဝါဒီ တစ်ယောက်လို့ ပြောနိုင်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ပန်းချီအနုပညာရှင် ပြည်မိုးငြိမ်း ကတော့ အကောင်းမြင်ဝါဒသမား..
မြဝန်းရံ...
" အခုခေတ်နဲ့ပဲ ဖြစ်ဖြစ် ၊ အရင်ခေတ်ပဲဖြစ်ဖြစ် ဆိုးယုတ်မှုနဲ့ လွတ်ကင်းပြီး ငြိမ်းချမ်းတဲ့ နေရာရယ်လို့ ရှိမှ မရှိတာ "
" အကောင်းမြင်အတွေးတွေနဲ့ နှစ်ရှည်လများ ကြိုးစားတည်ဆောက်ခဲ့တဲ့ လူ့ယဥ်ကျေးမှု အဆောက်အအုံတွေဟာ
မျက်စိတစ်မှိတ် လျှပ်တပြတ် အတွင်း ဆိုးယုတ်သူတွေရဲ့
ဖျက်ဆီးမှုကြောင့် ပြိုလဲ ပျက်စီးကုန်ရတာပဲ တည်ဆောက်
ဖို့ ကာလ ကြာရှည်သလောက် ဖြိုဖျက်ဖို့ လွယ်ကူလွန်း
လှပါတယ် "
" အဆိုးမြင်ဝါဒီလား ၊ အမှန်ကို အမှန်အတိုင်း မြင်တာကို
အဆိုးမြင်တယ်ဆိုရင်လည်း ထားပါတော့ ၊ သေချာတာ
ကတော့ နေရာတကာ အကောင်းမြင်ဝါဒနဲ့ချည်း အလုပ်
မဖြစ်ဘူး "
ပြည်မိုးငြိမ်း...
" ဘယ်ဟုတ်မလဲ ညီမရဲ့ ၊ အကောင်းမြင်ဝါဒနဲ့သာ ကမ္ဘာကြီးကို တည်ဆောက်ခဲ့ကြတာ မဟုတ်လား ၊
ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေ မရှိခဲ့ရင် ဘယ်သူမှလည်း လှုပ်ရှားဆောင်ရွက်နေတော့မှာ မဟုတ်ဘူး "
" တော်လှန်ရေးဆိုတာတောင် အကောင်းမြင်ဝါဒကနေ
ဖြစ်လာရတာပဲ ၊ ဖြစ်နိုင်ချေအကောင်းတွေကို မယုံကြည်
ဖြစ်ခဲ့ကြရင် ကျွန်တော်တို့ အခုလောက်ထိ တိုးတက်လာမှာ မဟုတ်ဘူး ၊ ကြီးကျယ်မြင့်မြတ်တဲ့ ပြောင်းလဲမှုကြီးတွေကို ဘာနဲ့စခဲ့ကြတာလဲ သိလား ၊ ကြီးကျယ်တဲ့ အကောင်းမြင် အတွေးတွေကနေ စခဲ့ကြတာခင်ဗျ "
ကမ္ဘာ့သမိုင်းတစ်လျှောက် ကမ္ဘာ့နေရာအနှံ့မှာ ဆိုးယုတ်မှုတွေ ဖြစ်ပျက်ခဲ့တာကို သိပေမဲ့ အကောင်းမြင်ဝါဒကိုလက်ကိုင်ထားသူဖြစ်တာကြောင့် ဆိုးယုတ်မှု မရှိခဲ့တဲ့ နေရာတစ်နေရာတော့ ရှိကိုရှိတယ်လို့ အပိုင်ပြောနေတဲ့ ပြည်မိုးငြိမ်းကို လောင်းကြေး စခေါ်လိုက်မိသူက မြဝန်းရံ။ သူတို့ နှစ်ယောက်ရဲ့ လောင်းကြေးက..
" ညီမရှုံးရင် ကျွန်တော့်ကို ညီမ လက်ထပ်ရလိမ့်မယ် "
" ရှင်ရှုံးရင် ရှင့်ရဲ့ လက်ရှိအလုပ်နဲ့ပညာကို စွန့်လွှတ်ပေး
ရမယ် ၊ အဲဒီ အတတ်ပညာနဲ့ ကျန်နေတဲ့ ဘဝတလျှောက်လုံးမှာ အသက်မမွေးတော့ပါဘူးလို့ ကျွန်မကို ကတိပေးရမယ် လောင်းရဲလား " လောင်းကြေးကို နှစ်ဦးစလုံး သဘောတူ လက်ခံလိုက်ကြတယ် ။
ပြည်မိုးငြိမ်း စိန်ခေါ်လိုက်တဲ့ ရှေးဟောင်းပျူယဥ်ကျေးမှုနယ်မြေဖြစ်တဲ့ " အောင်မြေသာစံမြို့နယ် " မှာ သမိုင်းတလျှောက် တကယ်ပဲ လူအစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်မှုလို ဆိုးယုတ်မှုတွေ မရှိခဲ့ဘူးလား။
မြဝန်းရံ အနေနဲ့ '' အောင်မြေသာစံ " မှာ ဆိုးယုတ်မှုတွေ
ရှိခဲ့လား၊ မရှိခဲ့ဘူးလား ဆိုတာကို စုံစမ်းရေးခရီးထွက်လာတဲ့အခါ ဘယ်လိုအဖြစ်အပျက်တွေကို တွေ့ကြုံကြားသိလာရမလဲဆိုတာ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ် ။
နောက် ဆရာမရဲ့ ဒီဝတ္ထုစာအုပ်လေးက ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်းလေးနဲ့အတူ သက်ငယ်မုဒိန်းမှု ၊ လူသတ်မှု နဲ့ ဆိုးယုတ်မှုတွေကို စုံစမ်းဖော်ထုတ်မှုတွေနဲ့ အချက်အလက် ၊ ဇာတ်လမ်းဇာတ်ကွက် မိမိ ရေးဖွဲ့ထားတာကြောင့် အင်မတန် ဖတ်လို့ တန်တဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်မှာတော့ အသေအချာပါပဲ ။
ဆရာမက ဒီဝတ္ထုရဲ့ အချစ်ဇာတ်လမ်းလေးမှာတော့
အချစ်ဆိုတဲ့ အလှတရားကို W.H Auden ရဲ့ ဒီကဗျာလေးနဲ့ ဖော်ကျူးထားပါတယ် ။
The More Loving One
ပိုချစ်တဲ့သူ ကိုယ်ပဲဖြစ်ပါရစေ..တဲ့ ။
ကြယ်ဆိုတာက ကိုယ်တို့အတွက်လောင်ကျွမ်းနေရ
ကိုယ်တို့က ဘာမှ ပြန်မပေးနိုင်ဘူးဆိုပါရင် ဒါမျိုးဟာ ကောင်းပါရဲ့လား ။ ချစ်ခြင်းမတူနိုင်သော်မှဖြင့် ပိုချစ်ရတဲ့သူ ကိုယ်ဖြစ်ပါရစေ အပြစ်မတင်တတ်တဲ့ ကြယ်တွေကို
ချီးကျူးငေးမောသူ ကိုယ်ဟာ ကြယ်တစ်စင်းကို
တစ်နေ့လုံးလွမ်းနေတယ်လို့ မပြောသာပါဘူး ။
အော်ဒင် (မြန်မာဘာသာပြန်ပေးသူ - ကိုတာ)
#ဂျူး #ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ

image