6 w - Translate

Box: Metaphor (2023)
ဒီဇာတ်ကားကတော့ ကြည့်ပြီးရင်စဉ်းစားစရာတွေကျန်ခဲ့စေမယ့် psychological thriller ကားတစ်ကားဖြစ်ပါတယ်။
ထော!င်တွေနဲ့မဆံ့အောင် ရာဇဝတ်သားတွေများလာတဲ့ ပျက်ကပ်စိုက်နေတဲ့ dystopian future တစ်ခုမှာ Box Rehabilitation ဆိုတဲ့ လူကိုသေ!တ္တာထဲလှော!င်ပိတ်ပြီး ထော!င်ချတဲ့စနစ်တစ်ခုကို ကျင့်သုံးကြတာအပေါ် ဇာတ်အိမ်တည်ထားပါတယ်။
ဇာတ်ကားနာမည်နဲ့လိုက်အောင် တစ်ကားလုံး boxလေးထဲမှာပဲရိုက်ကူးထားတာဖြစ်ပြီး၊ ကိုယ်ကိုယ်တိုင် ဇာတ်ဆောင်နဲ့အတူ သေတ္တာထဲအချု!ပ်ခံထားရသလိုခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။
ဖြည်းဖြည်းနှေးနှေးနဲ့ဇာတ်လမ်းကိုတည်ဆောက်ပြီး ဆွဲခေါ်သွားတတ်တဲ့ဇာတ်ကားမျိုးကိုကြိုက်ရင် ဒီကားကိုကြည့်ကြည့်သင့်ပါတယ်။ ပုံစံခွက်ထဲကလူ့အဖွဲအစည်းရဲ့နောက်ကွယ်ကရက်စက်မှုတွေရဲ့သဘာဝရယ်၊ မာကျောတဲ့လူ့စိတ်ဓာတ်ရယ်ကို ရှုစားရမယ့် thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

image