23 w - Translate

သဲလေး ဒါကြိုက်လား ဟိုဟာယူမလားဆိုပြီး
လျှာရိုးမရှိတိုင်း ကြားကောင်းအောင်သာ
လျှောက်ပြောနေပြီး လက်တွေ့ကျဘာအဖြစ်မှ
မရှိတဲ့သူထက် ကိုစျေးဆိုင်သွားရင်း ဒီကလစ်
လေးတွေ့တော့ ကို့သဲလေးနဲ့လိုက်မယ်ထင်လို့
ဝယ်လာခဲ့တယ် သဲလေးကြိုက်တဲ့ပန်းလေး လမ်းမှာ
တွေ့တာနဲ့ခူးလာခဲ့ပေးတယ် ဆိုတဲ့သူမျိုးကိုပဲ
လိုချင်တော့တယ် တောင်းဆိုစရာမလိုပဲ
စေတနာအရင်းခံနဲ့​ပေးခံရတဲ့ လက်ဆောင်တွေက
တန်ဖိုးမကြီးတောင် တန်ဖိုးဖြတ်မရဘူးလေ
"ပန်းတွေက ကိုယ်တိုင်ဝယ်လဲရတာပဲ ဒါပေမယ့်
ကိုယ့်ချစ်ရတဲ့သူဆီကရတဲ့ပန်းနဲ့တော့ တန်ဖိုးချင်း
ဘယ်တူမလဲ"ဆိုတဲ့ စာသားလေးလိုပဲ
ကိုယ့်မှာလဲပိုက်ဆံရှိပြီး ကိုယ်တိုင်ဝယ်နိုင်တာမို့
ပစ္စည်းဥစ္စာတွေကို သိပ်မမက်မောပေမယ့်
ကိုယ့်အတွက်ဆိုတဲ့ စိတ်ရင်းလေးကိုတော့
မက်မောတယ် 💗