23 w - Translate

CoCa Cola ရဲ့ CEO ဟောင်း Mr Bryan Dyson ကပြောဖူးပါတယ်...

“ ဘောလုံးငါးလုံးကို လေပေါ်ပစ်တင်ပြီး ဖမ်းထိန်းလိုက် ပြန်မြှောက်လိုက်လုပ်ရတဲ့ ကစားနည်းတစ်ခုကို စိတ်ကူးယဉ်ကြည့်စမ်းပါ။ အဲဒီဘောလုံးငါးလုံးကို အလုပ်၊ မိသားစု၊ ကျန်းမာရေး ၊ သူငယ်ချင်းနဲ့ စိတ်ဝိညာည်လို့ သဘောထားကြမယ်။

သင်ကစားနေရင်းနဲ့ အလုပ်ဆိုတာဟာ ရာဘာဘောလုံးလိုပဲဆိုတာကို နားလည်လာလိမ့်မယ်။ ပြုတ်ကျသွားလည်း ပြန်ကန်တက်လာမှာပဲ။

ဒါပေမဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေသူငယ်ချင်းနဲ့ စိတ်ဝိညာည် ဆိုတာတွေက ဖန်ဘောလုံးတွေနဲ့ တူတယ်။ တစ်ခါလွတ်ကျသွားရင် ကွဲသွားတာဖြစ်ရင်ဖြစ်မယ် အက်သွားတာလည်းဖြစ်ရင်ဖြစ်မယ် ပွန်းပဲ့တာမျိုး လုံးဝကြေမွသွားတာမျိုးလည်း ဖြစ်သွားနိုင်တယ်။

သေချာတာက ဘယ်တော့မှ အကောင်းအတိုင်းပြန်ရတာမျိုး မဖြစ်နိုင်တော့ဘူး။ ဒါကို သေသေချာချာနားလည်ပြီး ဂရုစိုက်ထိန်းသိမ်းနိုင်ဖို့ကြိုးစားပါ။

အလုပ်ချိန်မှာ အလုပ်ကိုအာရုံစိုက်ပြီး အချိန်မီပြီးအောင်လုပ်ပါ။ ကျန်တဲ့အချိန်မှာတော့ ဘဝအတွက် အရေးကြီးတဲ့အရာတွေဖြစ်တဲ့ မိသားစု၊ မိတ်ဆွေ၊ သင့်ကျန်းမာရေး နဲ့ စိတ်ချမ်းသာမှု အတွက်အချိန်ပေးပါ” တဲ့။

ဟုတ်ပါတယ်။ ငယ်ရွယ်တုန်းအချိန်မှာ အလုပ်ဆိုတာကိုပဲ အာရုံစိုက်ပြီး တခြားသောအရာတွေကို မေ့လျော့ထားတတ်လာကြတယ်။ ကိုယ့်ကိုငံ့လင့်နေတဲ့ နှလုံးသားတချို့ကိုလည်း မမြင်တတ်တော့ဘူး။

တခါတလေများ အလုပ်ကအဆင်မပြေမှုတွေအတွက် ကိုယ်နဲ့အနီးဆုံးလူတွေ ကိုယ့်ကိုမေတ္တာစစ်ပေးနေသူတွေအပေါ် နာကျင်စေတတ်ကြသေးတယ်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း အစစ်အမှန်တွေနဲ့ ဝေးလာ အထီးကျန်လာတတ်ပါတယ်။

အလုပ်မှအလုပ် အအိပ်အစားမမှန်လုပ်နေတဲ့အခါ ကိုယ့်ကျန်းမာရေးကိုပါ ရင်းနေရတယ်ဆိုတာလည်း သိသင့်ပါတယ်။ ကိုယ်လည်းသတိပြုမိလာရော ခန္ဓာကိုယ်ကြီးက ကိုယ့်အလိုမလိုက်တော့ဘူး။ ချည့်နဲ့လာတဲ့အခါ ချစ်လှပါချည်ဆိုတဲ့အလုပ်က ကိုယ့်ကိုမချစ်တော့ဘူး။

တကယ်တော့ ဘဝကတိုတိုလေးပါ။ ဘယ်အချိန်ဘယ်ပုံနဲ့ုသေရမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

ဒါကိုလည်း အားလုံးက သိကြပြီးသားပါ။

ကိုယ်ရှင်သန်နေရတုန်း တစ်နေ့တစ်ရက်လေးမှာ အလုပ်နဲ့ စစ်မှန်သောချစ်ခြင်းတရားတွေကို ဘယ်လို Balance မျှအောင် ထိန်းသိမ်းကြမလဲ။ ဒီလို ထိန်းညှိတတ်မှလည်း ပျော်ရွှင်အောင်မြင်တဲ့ဘဝဆိုတဲ့ အနှစ်သာရကို ခံစားမိသူဖြစ်နိုင်မှာပါဆိုတာမျှဝေရင်း…။

image