23 w - Translate

ကိုယ်မမြင်ရတဲ့ အခြားတစ်ဖက်မှာ တစ်ဖက်လူရဲ့
အခက်ခဲအတိုင်းဆကို ကိုယ်က သိနိုင်မှာ မဟုတ်တာမို့
ကိုယ့်အလို မပြည့်တိုင်း Sensitive ဖြစ်နေလို့
မရပါဘူး ။

ကိုယ်ပြောသလို ပြန်မပြောနိုင်တိုင်း ၊ Seen ပြပြီး reply မလာတိုင်း ၊ ကိုယ့်စိတ်လို သူ့ဘက်က ပြန်မထားနိုင်တိုင်း ခံစားနေလို့မရဘူး ။ အပြောဆို အပြုမူ သေးသေးလေးကအစ အထနကောက်ပြီး လိုက်ခံစားနေရင် ကိုယ်ပဲပင်ပန်းရပါတယ် ။

သူ့မှာလည်း သူ့အကြောင်း သူ့အခက်ခဲနဲ့သူက ရှိနေမှာပဲ ။
တစ်ခါတလေ စကားအမှားတွေလည်း ပါမှာပဲ ။
ဒါကို နားလည်ပေးတတ်ဖို့ လိုပါတယ် ။

Drama Zone ထဲမှာ မနေပါနဲ့ ။
Drama ကြိုက်တဲ့သူက ဘယ်တော့မှ မလွတ်မြောက်တော့ဘူး … ကိုယ့်အတွေးနဲ့ကိုယ် အမြဲလောင်နေရတတ်တယ် ။

လူတွေနဲ့ ပတ်သက်ရင် စိတ်ထားတတ်ဖို့လိုတယ် ။
ပေါ့ပေါ့ ပါးပါး စဉ်းစားဖို့ လိုတယ် ။
ကိုယ်ချင်းစာပြီး .. မျှတွေးတတ်ဖို့ လိုတယ် ။
သဘောထားကြီးနိုင်ဖို့လည်း လိုတယ် ။
အတ္တတွေ လျော့နိုင်ဖို့လည်း သတိထားရမယ် ။
မရနိုင်တာကို မမျှော်လင့်တဲ့စိတ်မျိုး ထားတတ်ဖို့လိုမယ် ။
ကိုယ်အတွက် မဟုတ်တဲ့ နေရာတွေကို သံယောဇဉ်ဖြတ်နိုင်ဖို့လည်း လိုတယ် ။

ဒါက ခက်ခဲပေမဲ့လည်း သည်းခံပြီး
သတိကပ်ကြည့်လိုက်ရင် နေ့စဉ်ဘဝမှာ ကြုံနေရတဲ့
ပူလောင်ခြင်းရဲ့ တစ်ဝက်လောက်က ငြိမ်းအေးသွားရတော့တာပဲ ။