ဒီစာအုပ်ဟာ အမျိုးသမီးတွေအတွက် စိတ်လွတ်မြောက်မှု၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်လိုမှု၊ မိမိကိုယ်မိမိ ချစ်ခင်တန်ဖိုးထား ကျေနပ်မှုတွေကို သိရှိနားလည်ပြီး ဘ၀ရဲ့အရသာ ပျော်ရွှင်မှုတွေကို ခံစားနိုင်ဖို့ လမ်းညွှန်ပေးတဲ့ စာအုပ်တစ်အုပ်ဖြစ်တာကြောင့် မိမိရဲ့ဘ၀ကို ပြောင်းလဲဖို့ ရှာဖွေနေသူတိုင်းအတွက် ဖတ်ရှူသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
"မိန်းမသားတွေ အားနည်းတယ်၊ ပျော့ညံ့တယ်" ဆိုတဲ့ အမြင်တွေကြားထဲမှာ မိမိရဲ့ ခွန်အားကို ပြန်လည်ရှာဖွေတွေ့ရှိစေမယ့် စာအုပ်တစ်အုပ်ဆိုလည်း မမှားပါဘူး”။
ဉာဏရဲ့ လေးအုပ်မြောက်စာအုပ်ဖြစ်တဲ့ "သန်မာတဲ့အမျိုးသမီး" စာအုပ်ဟာ ပေါ်ပင်အကြောင်းအရာတွေကို စုစည်းထားတာမျိုး မဟုတ်ဘဲ၊ တကယ့်ကို ကျမ်းငယ်တစ်စောင်လို တည်တည်တံ့တံ့ ခန့်ခန့်ညားညား ထွက်လာတာ ဖြစ်ပါတယ်။ သန်မာတဲ့အမျိုးသမီးတစ်ဦးဖြစ်ဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေ၊ စိတ်ဓာတ်တွေကို တစ်စိတ်တစ်ပိုင်းချင်းစီ ခိုင်မာစွာ ဖော်ထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါပဲ။
(ဆရာမမွန်ဟော်စီ၏ အမှာစာမှ)
ဒီစာအုပ်မှာ အမျိုးသမီးတွေအတွက် ဘ၀ရဲ့အကောင်းဆုံးပုံစံကို ရောက်နိုင်ဖို့ ပရော်ဖက်ရှင်နယ်ဘ၀ကနေ ကိုယ်ပိုင်ဘ၀အထိ အားလုံးကို ပေါင်းစပ်ဖော်ပြပေးထားပါတယ်။
အဓိကအခန်းကဏ္ဍတွေက -
𝟏. 𝐖𝐨𝐦𝐞𝐧 𝐢𝐧 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 𝐋𝐢𝐟𝐞
လုပ်ငန်းခွင်မှာ ပရော်ဖက်ရှယ်နယ် အမျိုးသမီးတစ်ယောက်ရဲ့အခန်းကဏ္ဍ၊ အလုပ်အကိုင်ကဏ္ဍအတွက် အောင်မြင်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ ပေါင်းသင်းဆက်ဆံရေး အစွမ်းတွေ၊ အသိပညာနဲ့ လုပ်ဆောင်မှုတွေကို ပေါင်းစည်းပြီး ကိုယ်ပိုင်ငွေကြေးလွတ်လပ်မှု Financial Freedom
ရရှိစေဖို့ အထောက်အကူပြုထားတဲ့ စာစုတွေ ပါဝင်ပါတယ်။
𝟐. 𝐖𝐨𝐦𝐞𝐧'𝐬 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐋𝐢𝐯𝐞𝐬
မိမိရဲ့ကိုယ်ပိုင်ဘ၀မှာ စိတ်ချမ်းသာမှု တည်ဆောက်နိုင်ဖို့၊ အချစ်ရေး၊ မိသားစုဆက်ဆံရေးတွေကို တည်ငြိမ်ပြီး ပျော်ရွှင်စေဖို့ ရည်ရွယ် ရေးသားထားတဲ့စာစုတွေ ပါဝင်ပါတယ်။
𝟑. 𝐖𝐡𝐨𝐥𝐞𝐡𝐞𝐚𝐫𝐭𝐞𝐝 𝐖𝐨𝐦𝐞𝐧
မိမိဖြစ်တည်မှုအတိုင်း စစ်စစ်မှန်မှန်နေထိုင်မှု (Authenticity)၊ အားနည်းချက်တွေကို လက်ခံပြီး ရင်ဆိုင်နိုင်မှု (Vulnerability)၊ လောကဓံကို ကြံ့ကြံ့ခံနိုင်မှု (Resilience) နဲ့ ရဲစွမ်းသတ္တိရှိမှု (Courage) တို့ကို အခြေခံကာ လက်တွေ့ဘဝမှာ အောင်မြင်ဖို့ လမ်းပြထားတဲ့စာစုတွေ ပါဝင်ပါတယ်။
#ဉာဏ
#သန်မာတဲ့အမျိုးသမီး
#strongwoman
