"ချစ်သူရေးတဲ့ကျွန်မရဲ့ညတွေ"ဂျူး(Rating-🌟🌟🌟🌟🌟🌟)
လွန်ခဲ့တဲ့3လလောက်က လိုင်းပေါ်အရမ်းHotနေလို့ဝယ်လိုက်မိတဲ့စာအုပ်
အဲ့တုန်းကဝယ်ပြီးမဖတ်ဖြစ်ဘူး🤧
ဘာလို့လည်းဆိုတော့ဆရာမဂျူးရေးတဲ့ဇာတ်ကောင်မင်းသမီးတွေရဲ့စရိုက်ကအရမ်းအတ္တဆန်တာများလို့လေ🥲
အခုဒီစာအုပ်လေးမှာတော့ဇာတ်လိုက်ဖြစ်တဲ့ရတနာကအတ္တဆန်ပေမဲ့လည်း
နေသန်ကပိုပြီအတ္တဆန်တယ်ပြောရမယ်ဗျ
ရတနာဟာနေသန်အတွက်သူ့မာန သူ့အတ္တတွေကိုအကုန်ချိုးနှိမ်ခဲ့ပေမဲ့နေသန်ကတော့အချိန်အလွန်တိကျပြီးသူ့အချစ်ဟာအရမ်းအတ္တဆန်လွန်းခဲ့တယ်
နောက်ဆုံးအခန်းမှာနေသန် ရတနာကိုပြောခဲ့တဲ့စကားလုံးတွေဟာ ရတနာတင်မဟုတ်ဘဲ ဖတ်နေတဲ့ကိုယ်ပါ ပြိုလဲသွားချင်တဲ့အထိရင်ထဲဆူးတွေနဲ့ထိုးနေသလိုခံစားသွားရတယ်🥺❤️🩹
အခုချိန်ထိနေသန်ကိုစိတ်အရမ်းတိုမိနေတုန်းဘဲ😮💨
နောက်ဆုံးအချိန်ထိတောင်
တစ်ယောက်ကိုတစ်ယောက်ချစ်တယ်ပြောဖို့ကိုမာနတွေရှေ့တန်းတင်ပြီးမပြောဖြစ်ခဲ့ကြဘူး💔
နောက်ထပ်ဆရာမဟာ
ပန်းချီအနုပညာကိုအမြည်းကျွေးထားပြီး
ပန်းချီတွေကိုချစ်တတ်လာအောင်လည်းဆွဲဆောင်ထားပါသေးတယ်ဗျ💜
ပန်းချီပုံလေးတွေလည်းပါပြီးတစ်ခန်းချင်းစီကိုလည်းခေါင်းစဉ်တစ်ခုစီပေးထားပါသေးတယ်ဗျ💜
