#ကျန်းမာရေးအတွက်မျက်ထောင့်ပင်
✅မျက်ထောင့်ပင် ဆိုတာက ကန်သင်းရိုးတွေ၊ မြေကွက်လပ်တွေမှာ ပေါက်တတ်တဲ့ မြေလျှောက်ပင် တစ်မျိုးပါ။ အရိုးတံက အစိမ်းရောင် ရှိသလို အနီရောင်လည်း ရှိပါတယ်။ အရွက်လေးတွေက ခပ်သေးသေးနဲ့ ထူထူလေးတွေပါ။ အပွင့် ဝါဝါလေးတွေလည်း ပွင့်တတ်ပါတယ်။
✅အရသာက နည်းနည်း ခါးသက်သက် ရှိပါတယ်။ တစ်ပင်လုံး စားလို့ရပြီး ဆေးဖက်ဝင်ပါတယ်။ အစိမ်းမစားပါနဲ့။ ရေနွေးထဲ ထည့်ပြုတ်သောက်တာမျိုး ၊ ရေနွေးဖြော တို့စားတာမျိုးလည်း ရသလို ချက်စားလို့လည်း ရပါတယ်။
#နှလုံးကျန်းမာစေနိုင်တယ်
✅မျက်ထောင့်ပင်မှာ Omega-3 fatty acids ပါဝင်နေတာကြောင့် အကျိုးမပြု ကိုလက်စထရော (LDL) ကို ကျဆင်းစေပြီး သွေးတွင်းကိုလက်စထရော ပမာဏကို ထိန်းညှိပေးတာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
#ကင်ဆာဖြစ်နိုင်ခြေလျှော့ချပေးတယ်
✅မျက်ထောင့်ပင်က အခြား အပင်တွေထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှု များတာကြောင့် နေ့စဉ် ထိတွေ့မိနေတဲ့ ညစ်ညမ်းတဲ့အရာတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကို လျှော့ချပေးသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
✅အချို့သော ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို သက်သာစေဖို့လည်း ထောက်ကူပေးပါတယ်။ ခံတွင်းကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
#ပန်းနာရင်ကြပ်သက်သာစေတယ်
✅အသက်ရှူလမ်းကြောင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းနာရင်ကြပ် ရှိသူတွေ သက်သာစေဖို့အတွက် စားပေးလို့ ရပါတယ်။
#အရိုးတွေသန်မာစေနိုင်တယ်
✅မျက်ထောင့်ပင်က အရိုးတွေ သန်မာစေဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်တို့ ပါဝင်နေပါတယ်။ အရိုးတွေကို သန်မာစေသလို အရိုးပွတာကို ကာကွယ်ဖို့လည်း စားပေးလို့ ရပါတယ်။
#အမြင်အာရုံကျန်းမာစေတယ်
✅အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ မျက်ထောင့်ပင်က ဗီတာမင် A ရော ဘီတာကယ်လ်ရိုတင်းပါ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် မျက်လုံး ကျန်းမာစေသလို အမြင်အာရုံလည်း ကောင်းစေနိုင်ပါတယ်။
#အရေပြားကျန်းမာစေနိုင်တယ်
✅အရေပြား ဓာတ်မတည့်တာ၊ အကောင်ကိုက်တာနဲ့ အရေပြား ပြဿနာ အမျိုးမျိုးကို သက်သာစေဖို့အတွက် မျက်ထောင့်ပင်က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ စားသုံးပေးလို့ ရသလို အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။
#ဆီးချိုသက်သာစေနိုင်တယ်
✅ခါးသက်သက် အရသာရှိတဲ့ မျက်ထောင့်ပင်က
ဆီးချိုသက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် တုံ့ပြန်မှု ကောင်းစေပါတယ်။
✅ကိုယ်ဝန်ဆောင် မိခင်တွေကို ကျန်းမာစေနိုင်သလို နို့တိုက်မိခင်တွေကိုလည်း နို့ထွက်များစေဖို့ ထောက်ကူပေးပါသေးတယ်။
