4 w - Translate

1179. Star Wars VII: The Force Prize (2015) 👈

စတားဝါးစ်ရုပ်ရှင်တွေရဲ့ အပိုင်း(၇) ရုပ်ရှင်ပါ…. ဒီအပိုင်းကိုမကြည့်ခင် ရှေ့က ရုပ်ရှင်တွေကိုပြန်နွှေးဖို အတိုချုံးလေးပြန်ဆွေးနွေးကြည့်ပါမယ်။အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီကတော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး သေဆုံးသွားခဲ့ပါပြီ။ အပိုင်း ၄ ၅ ၆ မှာတော့ သူတို ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တိုရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တိုကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တိုအဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လိုခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိက်ကောက်သမားလေးတစ်ယောက်တို တွေ့ဆုံပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……

image