ဖြစ်ပျက်ရှုတယ်ဆိုတာ..ရုပ်နာမ်အပေါ်မှာ သံယောဇဥ် တွယ်နေတဲ့ သမုဒ ကို ပြုတ်စေဖို့ပါပဲ...🌷🙏

ဖြစ်ပျက်မုန်းဆုံးဆိုတာ သဘောခန္ဓာအပေါ် သံယောဇဉ် မတွယ်တော့တဲ့သဘောမျိုး..

တနည်းအားဖြင့် ပြောရမယ်ဆိုရင် သူ့ကို ဥပေက္ခာ ပြုနိုင်သွားတာ..သွားမကြည့်တော့ဘူး...

ဒီဒုက္ခကြီးနဲ့ မနေချင်တော့တဲ့ ဉာဏ်က ပိုင်းပြီး လွတ်သွားတာမျိုး...
စက္ကန့်အပိုင်းတွင်း လွတ်မြောက်သွားမှန်းသိသာတယ်...ကိုင်ထားတဲ့ခွက် လွတ်ကျသွားသလို..

လွတ်မြောက်သွားတာကို ပြန်ဆင်ခြင်တဲ့စိတ်ရယ်...ပယ်ပြီးသားကို ပြန်ကြည့်တဲ့စိတ်ရယ် ထင်ထင်ရှားရှား သိနိုင်သွားတယ်။

ရုပ်နာမ်ကို မစွန့်နိုင်သေးသ၍ ဒီဘက်ကို ပြန်ပြန်ရောက်နေတတ်တယ်။ တရားက တကယ်တော့ အတ္တနဲ့ ရှာယူလို့မရပါဘူး..

ပုံမှန်လေးသာ လုပ်စရာရှိတာ လုပ်နေပါ..မမျော်လင့်ထားတဲ့အချိန် ဓမ္မဟာ သူ့တာဝန့် အလုပ်သူ လုပ်ပါတယ်..

image