တိလေးတွေအတွက် စမတ်ဖုန်း
MWC event မှာ မိတ်ဆက်လာတဲ့ ဖုန်းလေးပါ။ ထူးထူးခြားခြားအနေနဲ့ ဒီဖုန်းလေးတွေက တိရစ္ဆာန်လေးတွေနဲ့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
GlocalMe ဆိုတဲ့ စမတ်ဖုန်းကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး Pet Phone ကို မိတ်ဆက်လာတာပါ။ အရွယ်အစားသေးသေးလေးဖြစ်ပြီး တိလေးတွေရဲ့ လည်ပင်းမှာ ချိတ်ပေးထားရမှာဖြစ်ပါတယ်။ ဒီဖုန်းလေးမှာပါတဲ့ Wifi , GPS, Bluetooth Tracking ကနေတဆင့် တိလေးတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ခြေရာခံနိုင်မှာပါ။
ဒါ့အပြင် တိလေတွေရဲ့ အသံနဲ့ အပြုအမူကနေတဆင့် ဗိုက်ဆာနေသလား၊ ဒေါသထွက်နေသလား၊ ပျော်နေလား၊ ဝမ်းနည်းနေလားဆိုတာတွေကိုလည်း သိနိုင်မယ်လို့ ဆိုပါတယ်။ သခင်နဲ့ ဆက်သွယ်နိုင်မယ့် Feature တွေလည်း ပါဝင်ပြီး သီချင်းတွေလည်း ဖွင့်နိုင်ပါမယ်။
နိုင်ငံပေါင်း ၂၀၀ ကျော်မှာ အသုံးပြုနိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ 300 ဝန်းကျင်ဖြစ်မယ်လို့ ဆိုထားပါတယ်။ ဆိုတော့ အိမ်မှာ အချစ်တော်လေးတွေရှိရင် ဝယ်ပေးဖို့ စဉ်းစားထားတော့ဗျာ...
