4 w - Translate

လက်စွဲအိတ်လို သုံးနိုင်တဲ့ Samsung ရဲ့ Foldable Laptop
=================================
Mobile World Congress (MWC) 2025 မှာ ထူးခြားဆန်းသစ်တဲ့ နည်းပညာ ပစ္စည်းတွေကို ပြသနေကြပါတယ်။ Samsung ကလည်း အဲဒီပွဲမှာ အပြိုင်အဆိုင် ပြသနေပြီး လက်စွဲအိတ်လို သုံးနိုင်တဲ့ Foldable Laptop ကို ကြေညာလိုက်ပါတယ်။
Flexible Briefcase လို့ နာမည်ပေးထားပြီး Laptop ကို ပိတ်လိုက်ရင် လက်စွဲအိတ်လို လွယ်ကူမြန်ဆန်စွာ သယ်ဆောင်နိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ လက်စွဲအိတ်ကို ဖွင့်လိုက်ရင် 18.1” QD-OLED Display ကို အသုံးပြုနိုင်ပြီး QHD+ Resolution 2,000×2664 pixels ထည့်သွင်းထားပါတယ်။ တော်တော်ကြီးတဲ့ Display ဖြစ်ပြီး အလုပ်ကိစ္စတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။
Laptop ကို ပိတ်လိုက်ရင် လက်စွဲအိတ်လို ဖြစ်သွားမှာ ဖြစ်ပြီး လက်ကိုင်ကွင်း ၂ ခုကိုလည်း လှလှပပ တပ်ဆင်ပေးထားပါတယ်။ လက်စွဲအိတ်မှာ Laptop ကို ဖွင့်နိုင်တဲ့ ပါဝါခလုတ်နဲ့ အသံခလုတ်ကို ထည့်သွင်းပေးထားပါတယ်။
အဲဒီ Laptop ဟာ နမူနာမော်ဒယ် အဆင့်ပဲ ရှိသေးပြီး Samsung က ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။
Ref : The Verge

image