#ပြည်တွင်းသတင်း
◼ဟုမ္မလင်းမြို့၌အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၂ အဆင့်ရှိမြေငလျင်တစ်ခု ယနေ့(မတ် ၉ ရက်) မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။
အဆိုပါငလျင်မှာ တမူးမြေငလျင်စခန်း အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ ဟုမ္မလင်းမြို့၏အရှေ့မြောက်ဘက် ၃၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅ ဒသမ ၁၀ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၃၃ ဒီဂရီ၊ အနက် ၇၉ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုလမတ် ၅ ရက်တွင်လည်း ဟုမ္မလင်းမြို့အားဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီး ယခုလဆန်းပိုင်းအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မကွေးတိုင်းတို့တွင် ငလျင်လှုပ်ခတ်ခြင်းများရှိခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။
သတင်း - ပိုင်လေး
