6 w - Translate

Island Keeper (2021)

ကျွန်းတစ်ကျွန်းပေါ်မှာ လူမရှိ သူမရှိ ကိုယ့်မိသားစုနဲ့ ကိုယ်ပဲ နေဖို့ စိတ်ကူးရဲပါသလား?တချို့တွေက ပြစ်မှုကြီးတွေ ကျူးလွန်လို့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရပါတယ်။ဒါကြောင့် အပြစ်သားတွေကို မီးပြတိုက်ရှိတဲ့ကျွန်းတွေမှာ အစောင့်တာဝန်နဲ့ ချထားတာမျိုးပါ။တချို့တချို့တွေရဲ့ဘဝကတော့ စားဝတ်နေရေး အခက်အခဲကြောင့်ကျွန်းပေါ်မှာ သွားနေရတဲ့လူတွေ ရှိပါတယ်။ဒီအထဲမှာ ဝမ်ကျိခိုင် နဲ့ သူ့ဇနီးသည်တို့လည်း ပါခဲ့ပါတယ်။ဒီဇာတ်လမ်းကတော့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ၃၂ နှစ်ကျော် နေထိုင်လာခဲ့ပြီးဒီကျွန်းလေးကို ကိုယ့်အိမ်လို သဘောထားပြီး ခုခံကာကွယ်ခဲ့တဲ့ ဝမ်ကျိခိုင်တို့ မိသားစုအကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

#storymode
#crd

image