မွန်မင်းသမီးဥမ္မာဒန္တီအုပ်ချုပ်ခဲ့တဲ့
ပုသိမ်၃၂မြို့နယ်ဟာဧရာဝတီတိုင်းဘဲဖြစ်တယ်။
၁၁ရာစု အနော်ရထာတို့နဲ့ခေတ်ပြိုင်
အဲဒီသမိုင်း မြန်မာရာဇဝင်မှာမရှိဘူး
မွန်ရာဇဝင်မှာရှိနိုင်တယ် ။
ပုသိမ်ဆိုတဲ့အမည်က
မွန်လို ကုသိမ်ကဆင်းသက်လာတာ ဖြစ်နိုင်တယ်။
သိမ်များရှိတဲ့မြို့လိုအခေါ်တယ် ။
ပုသိမ်မှာ သိမ်ကိုးသိမ်
ကန်ကိုးကန်
ကုန်းကိုးကုန်းရှိတယ် ။
ပုသိမ်ရှေးနှစ်ပေါင်းများစွာက
ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တယ် ။
နိုင်ငံခြားသင်္ဘောကြီးတွေ
ဝင်ထွက်ဆိုက်ကပ်တဲ့မြို့ဖြစ်တယ် ။
ဒီဇယ်အင်ဂျင်မပေါ်ခင်ရေနွေးငွေ့သုံး
မီသင်္ဘောမတိုင်ခင်က ပင်လယ်ရေကြောင်း
ရွက်လွင့်သွားခဲ့တဲ့ခေတ်ကတည်းက
ပုသိမ်ကိုရွက်သင်္ဘောကြီးဆိုက်ကပ်ခဲ့သည် ။
ကိုယ်ငယ်ငယ်ကမြင်တွေ့ခဲ့ဘူးသည် ။
အာရပ်နဲ့အိန္ဒိယဘက်အသုံးအဆောင်များသယ်ဆောင်သလို အပြန်တွင်မြန်မာပြည်ထွက်သယံဇာတများကျွန်းသစ်နှင့်ဆန်စပါးတို့ကိုသယ်ဆောင်ခဲ့နိုင်ငံခြားကူးသန်းရောင်းဝယ်ရာအရေးကြီးသောဆိပ်ကမ်းမြို့တမြို့ဖြစ်ခဲ့သည်။
ယခုအခေါ်မြို့လယ်ခေါင်ကရွှေဆိုင်တန်းလမ်းမှာယခင် မေမန်လမ်းဖြစ်သည် ။
မေမန်လူမျိုးများတည်ဆောက်ခဲ့သည့်ဗလီမှာ
မေမန်ဗလီဖြစ်သည် ။
မေမန်လူမျိုးများသည်အဝတ်အထည်နှင့်အခြားလူသုံးကုန်ပစ္စည်းများရောင်းဝယ်သူများဖြစ်ကြသည်။
၁၈၂၄-၂၅အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီးအင်္ဂလိပ်လက်အောက်စရောက်ခဲ့ပြီး
အင်္ဂလိပ် တည်ခဲ့သော မြို့ပြတခုဖြစ်ခဲ့သည်။
ပုသိမ်မှာဆန်တမျိုးကလွဲလို့ဘာမှမထွက်ပါ ။
ပုသိမ်က ပင်လယ်နဲ့နီးတော့ ပင်လယ်ထွက်
ငါးအမျိုးမျိူး၊ငပိ၊ငါးခြောက်၊ငံပြာရည်များ
ပုသိမ်မှတဆင့်တနိုင်ငံလုံးဖြန့်ရသည်။
ပုသိမ်-ရန်ကုန်သင်္ဘောလိုင်း ပုသိမ်မှ
ကြံခင်းရထားလမ်းမှာကုန်သွယ်ရာတွင်
အဓိကကျသည်။
ကြံခင်းတောက်လျှောက်ရထားဖြင့်သယ်ဆောင်လာသောဆန်များကိုပုသိမ်ကမ်းနားကျောက်ငူအထိရထားလမ်းဖြင့်ဆန်တင်သင်္ဘောဆီတိုက်ရိုက်တင်ဆောင်နိုင်အောင်ဂိုဒေါင်ကြီးများဆောက်လုပ်ထားသည် ။
ထိုဆန်များကြာရှည်ထားနိုင်အောင်ပိုလန်နိုင်ငံမှနည်းပညာဖြင့်ဆောက်လုပ်သောကြောင့်ပိုလန်ဂိုဒေါင်ဟုခေါ်ကြသည် ။
နိုင်ငံခြားမှဆန်တင်သင်္ဘောကြီးများပါလာသည့် အရက်ဘီယာစီးကရက်မျိုးစုံပုသိမ်မှာပေါကြွယ်ဝလှသည်။
ပုသိမ်သည်ရေချိုနှင့်ရေငံထိစပ်သောနေရာကြောင့်တကြောင်းမြစ်များချောင်းများမြောက်များစွာရှိခြင်းကြောင့်ငါးပုဇွန်များပေါကြွယ်ဝလှ၏ ။
ပုသိမ်လက်ဆောင်အဖြစ်
ပုသိမ်ဟာလဝါပုသိမ်ထီးနံမည်ကြီးလှ၏ ။
ဟိုးယခင်ကနံမည်ကြီး မမလေးဟာလဝါ ။
မရန်ဟာလဝါ၊ အမာဇီဟာလဝါ၊ အမာကြည်ဟာလဝါတို့မှာ နံမည်ကြီးလှပါသည် ။
အစ္စလာမ်ဘာသာဝင်တို့ဖန်တီးတဲ့
အစာအဟာရတမျိုးဖြစ်ပါသည် ။
ပုသိမ်ထီးကတော့မရမ်းချိုရွာသား
ဦးဖိုးထွန်းကနိုင်ငံခြား ဆန်တင်သင်္ဘောဂျပန်ပါသွားပြီး သင်ယူလာတဲ့ထီးလုပ်အတတ်ပညာဖြင့်
ပုသိမ်မှာအနောက်ရိုးမကဝါကခပ်းပေါပေါနဲ့ထီးလုပ်ငန်းမှတဆင့်ပုသိမ်ထီးဟုနံမည်ကြီးလှပေ၏ ။
၁၈၂၄ အင်္ဂလိပ်မြန်မာပထမစစ်ပွဲပြီး
ရခိုင်ဧရာဝတီတနင်္သာရီ
အင်္ဂလိပ်လပ်အောက်ကျရောက်ပြီး
၁၈၅၂ ဒုတိယအင်္ဂလပ်မြန်မာစစ်ပွဲပြီး
အရှေ့ဘက်တောက်ငူ အနောက်ဘက်သရက်အထိမြန်မာပြည်အလယ်ပိုင်း အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပါတယ် ။
၁၈၈၅မှမြန်မာတပြည်လုံးအင်္ဂလိပ်လက်အောက်ရောက်ခဲ့ပါတယ်။
နယ်ချဲ့ကိုလိုနီတွေစီးပွါးရေးအရအုပ်ချုပ်ပြီးပညာရေးအရသာသနာပြုကျောင်းတွေ ဖွင့်လာပါတယ် ။
RCM ရိုမန်ကက်သလစ်သာသနာပြုကျောင်း
ABM အမေရီကန်ဘက်ပတစ်မစ်ရှင်ကျောင်း
အပြင်တဲ့
ဧရာဝတီတိုင်းအတွင်း ကရင်လူမျိုးအများစု
ပညာသင်ကြားဘို့ ကိုသာဖြူသာသနာပြုကျောင်းစသည်ဖြင့်ပုသိမ်မှာဖွင့်ခဲ့ပါတယ် ။
ထို့အပြင်အခြေခံပညာသင်ပြီးလျှင်အိန္ဒိယရှိ
ဒါဂျီလင်မှာကျောင်းသွားတက်ကြပါတယ် ။
၆၂စစ်တပ်အာဏာသိမ်းပြီး
၆၄မှာကျောင်းတွေ ပြည်သူပိုင်သိမ်းတဲ့အခါကျမှပြန်လာကြပါတယ် ။
ပုသိမ်ကလူတွေအတော်များများ
နိုင်ငံခြားမှာပညာသွားသင်တာများပါတယ် ။
နှစ်တရာကျော် အင်္ဂလိပ်နယ်ချဲ့အုပ်ချုပ်မှုကိုလက်မခံဘဲ လွတ်လပ်ရေးတောင်းဆိုဖို့အင်္ဂလန်သွားတဲ့ ဖေပုရှိန်သုံးဦးထဲက ဦးထွန်းရှိန်ဟာပုသိမ်သားပါ ခင်ဗျား ။
လေးစားစွာဖြင့် ပြန်လည်မျဝေပါသည် ။
ကိုအောင်ကျော်စိုး ပုသိမ်သား
မူရင်းရေးသားသူအား လေးစားစွာဖြင့်
#credit
ကိုဇင်မင်းသန့်ကူးယူဖော်ပြသည်။
#monmon
အဆင့်ဆင့်ပြန်လည်ကူးယူဖော်ပြသည်။
