ကိုယ်ပိုင်ချွေးနည်းစာလေးနဲ့ မိခင်ကို ကွန်ဒိုတစ်ခန်း ၊ ကားသစ်တစ်စီး ကန်တော့ခဲ့တဲ့ သရုပ်ဆောင် ပွင့် 🥰🥰🥰
သရုပ်ဆောင် ပွင့်က အပျိုကြီးဘဝနဲ့ အမှီခိုကင်းကင်း မိခင်ကို ကန်တော့ခွင့်ရခဲ့လို့ သူမကအားပေးတဲ့ ပရိသတ်တွေနဲ့ အလုပ်ပေးတဲ့ လုပ်ငန်းရှင်တွေကို ကျေးဇူးတင်စကားဆိုလိုက်တာပါ။ ၂၀၂၃ နှစ်ကုန်ခါနီးမှာလည်း မိခင်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ မြို့လည်ခေါင်မှာထားချင်လို့ စိတ်ကြိုက်ကွန်ဒိုတစ်လုံးကို စရံချပြီး ၁ လအတွင်းငွေအကြေချေဝယ်ယူပေးခဲ့တယ်လို့ သူမကပြောပါတယ်။ လက်ရှိစီးနေတဲ့ Ipsum ကားလေးဟာ သူမတို့အတွက် လာဘ်ကီး ကားလေးဖြစ်ပြီး အကျိုးပေးပေမယ့် မေမေ့ကို ကားအသစ်လေးစီးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ X Pander ကားလေးတစ်စီးကို ဝယ်ကန်တော့ခဲ့တာပါ။ သူမရဲ့ ဆန္ဒတွေဟာ မိခင်ကို အိမ်ကောင်းကောင်း ၊ ကားကောင်းကောင်းနဲ့ ထားချင်တဲ့ ဆန္ဒဖြစ်ပြီး ဘုရားတရားလေးလုပ်ရင်း ဖြတ်သန်းစေချင်တယ်လို့ သူမကပြောပါတယ်။
#celenews
