23 w - Translate

ရေစီးထဲ မျောပါသွားတဲ့ အမျိုးသမီးကို ကယ်တင်ပေးခဲ့လို့ ကာနက်ဂျီသူရဲကောင်းဆု ရခဲ့တဲ့ ဆယ်ကျော်သက်

ရေစီးသန်တဲ့ တူးမြောင်းထဲ မျောပါသွားတဲ့ အမျိုးသမီးတစ်ဦးကို အသက်စွန့် ကယ်တင်ပေးခဲ့တဲ့ ၁၇ နှစ်အရွယ် လူငယ်ဟာ ကာနက်ဂျီသူရဲကောင်းဆု ချီးမြှင့်ခံခဲ့ရပြီး မီးသတ်နဲ့ ကယ်ဆယ်ရေးအကယ်ဒမီမှာ ပညာသင်ဆု ရရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ဖလော်ရီဒါပြည်နယ်တောင်ပိုင်း ဘွိုက်တန်ကမ်းခြေ တူးမြောင်းထဲမှာ အမျိုးသမီးတစ်ယောက် ရေစီးနဲ့ မျှောပါသွားတာ တွေ့လိုက်ရချိန် ဂျက်ကော့သွမ်ပဆန်က ရေထဲ ခုန်ဆင်းပြီး ပေ ၈၀ လောက် အကွာအဝေး ရေကူးကာ ကယ်တင်ပေးခဲ့တာပါ။

အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ဆက်ထားတဲ့ ဘွိုက်တန်ကမ်းခြေတူးမြောင်းဟာ ရေစီးသန်လွန်းတဲ့အတွက် ဖလော်ရီဒါပြည်နယ်တောင်ပိုင်းမှာ အန္တရာယ်အများဆုံးတူးမြောင်းအဖြစ် သတ်မှတ်ခံထားရတာပါ။ သွမ်ပဆန်က သူ့အသက်ကို ပဓာနမထားဘဲ အမျိုးသမီးကို ကယ်ဆယ်နေစဉ်မှာ လမ်းသွားလမ်းလာတစ်ဦးဖြစ်တဲ့ မာရီယာဂူတီယာရက်ဇ်က ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တာကြောင့် ဒီသတင်းက ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

ဘွိုက်တန်ဒေသခံတစ်ဦးဖြစ်တဲ့ ဆာရာပါရီဟာ သူ့သားအတွက် ရည်စူးပြီး Aden Perry Good Samaritan Scholarship ရန်ပုံငွေ ထူထောင်ထားသူပါ(ဆာရာပါရီရဲ့သား အဒမ်ပါရီဟာ ရကန်ထဲ ထိုးကျသွားတဲ့ ကားထဲမှ ကားသမားကို ကယ်ဆယ်ဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်)။ ဆာရာပါရီက ဒီဗီဒီယိုကို တွေ့သွားပြီး သွမ်ပဆန်ကို ပညာသင်ဆု ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက် ၅ လအကြာမှာ ကာနက်ဂျီသူရဲကောင်းဆုရန်ပုံငွေအဖွဲ့ကလည်း သွမ်ပဆန်ကို ကာနက်ဂျီသူရဲကောင်း ချီးမြှင့်ခဲ့ပါတယ်။

Ref:Florida Teen Wins Prestigious Carnegie Award and Full-Ride Scholarship After Daring Rescue

image