💛တို့ဟူးကျိုနည်း💛
********************
💛 ကုလားပဲ အစ်ိမ်းမှုန့် ( ၁၀ သား )
💛 ရေ ( ၁ လီတာ )
💛 နနွင်း ( လဖက်စားဇွန်း ဇွန်းဝက် )
💛 ဆား ( လဖက်စားဇွန်း ဇွန်းဝက်)
💛 ဟင်းခပ်မှုန့် ( လဖက်စားဇွန်း ၁ ဇွန်း )
ဇလုံထဲကို တိုဟူးမှုန့်/ကုလားပဲအစ်ိမ်းမှုန့် ထည့်ပြီး
ဆား,အရသာမှုန့်,နနွင်းမှုန့် ထည့်ပါတယ်
ရေသန့် လီတာဝက် ထည့်ပီး
ပဲစေ့ပျောက်လာအောင် မွှေပေးပြီးရင် ဇကာနဲ့ စစ်ချပြီး နာရီဝက်လောက် နှပ်ထားပေးပါတယ်
မကျိုခင် ရေလီတာဝက် မီးဖိုပေါ်တည်ထားပါတယ်။
ပွက်ပွက်ဆူလာမှ ခုန မွှေထားတဲ့ ပဲရည်ထည့် ကျိုပါတယ်။
လက်ယာရစ်အတိုင်း အဆက်မပြတ် မွှေပေးနေပါတယ်။
ဆူပွက်လာရင် မီးသင့်သင့် နဲ့ဆက်ကျိုပါတယ်။
တဖြည်းဖြည်းနဲ့ ပျစ်ခဲလာပီး
ကြွက်မြှီးတန်းအနေအထားထိရောက်အောင်ကျိုပေးပြီးရင် အအေးခံမယ့် ဗန်းထဲကို ဖြည်းဖြည်းသာသာ လောင်းထည့်ပါတယ်။
၂နာရီလောက် အအေးခံပြီး တိုဟူး တင်းတင်းခဲခဲလေး ရသွားပါပြီဆိုရင်တော့ မိမိကြိုက်နှစ်သက်သလို ကြော်စား သုပ်စားလို့ ရပါပြီ။

image