6 ပတ် - ဘာသာပြန်ပါ။

ရာဟင်း စတာလင်ကတော့ လန်ဒန်မိတ်ကပ်ဆိုင်မှာ ဝင်ကစားမိတာ သူ့ကစားသမားဘဝမှာ အဆိုးဆုံးပဲဆိုပြီး ပြောလာခဲ့ပါတယ်။
“ကျွန်တော့်ကိုယ်ပိုင်အမြင်အရတော့ ချဲလ်ဆီးမှာ ဝင်ကစားမိတာက ကျွန်တော့်ကစားသမားသက်တမ်းမှာ အဆိုးဆုံး‌အခြေ‌အနေကို ရောက်သွားစေခဲ့ပါတယ်။ အဲ့တာက‌ နည်းနည်းတော့ ကြောင်တောင်တောင် ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်က ကျွန်တော့်ကို အများကြီးသင်ကြားပေးခဲ့ပါတယ်။"
" အမြဲတမ်းလိုလို အောင်ပွဲတွေ ရနေခဲ့ပေမဲ့ တစ်ချိန်မှာတော့ ဘဝက အခက်အခဲတွေ ပေးလာလေ့ရှိတတ်တယ်။ ဒါကလည်း ကျွန်တော်မျှော်လင့်ထားတဲ့ ခက်ခဲတဲ့စိန်ခေါ်မှု‌တွေပါပဲ။ ဒီအခက်အခဲတွေဆီက ကျွန်တော်ထွက်ပြေးမှာမဟုတ်ပါဘူး။ ခေါင်းနဲ့ ဝင်တိုးပြီး ရင်ဆိုင်မှာပါ”
နည်းပြတူချယ်ရဲ့ ကြောင်တောင်တောင် လူဝယ်ယူမှုတွေထဲက တစ်ခုအပါအဝင်ဖြစ်ခဲ့တဲ့ စတာလင်ဟာ သေမဲ့နေ့မှာ စစ်ထဲဝင်မိသလို ဓားခုတ်ရာလက်ဝင်လျှိုမိတာကြောင့် ချဲလ်ဆီးက ထွက်ခွာရင်း ခုတော့ အာဆင်နယ် မှာ စည်သူလွင် အဖြစ် ကစားသမားဘဝကို ရှေ့ဆက်နေခဲ့ပါတယ် ။

image