အရှင်လတ်လတ်က ဘဝပြောင်းသွားတယ်ဆိုတာ ဒီလိုပါတဲ့။
ဒကာကြီးတစ်ယောက် လျှောက်ဘူးတယ်။
"အရှင်လတ်လတ် ဘဝပြောင်းသွားတယ်" ဆိုတာ...
ဘယ်လိုပါလဲဘုရားတဲ့။
တရားအားထုတ်တဲ့ ပုဂ္ဂိုလ်တွေ...
အရှင်လတ်လတ်က ဘဝပြောင်းသွားတယ်လို့
ပြောသံ ကြားဘူးတာကို မေးလျှောက်တာပါ...။
ဒါဆို မှန်တယ်-လို့။
ကိုယ်က ပြောင်းသွားတာ မဟုတ်ဘူး။
စိတ်က ပြောင်းသွားတာ...
နဂိုရ် မသိတဲ့ လူတစ်ယောက်က သိတဲ့သူ
ဖြစ်သွားတယ်။
မကျင့်သေးတဲ့ လူတစ်ယောက်က ကျင့်တဲ့
ဘဝရောက်သွားတယ်။
အသိမရှိသေးတဲ့ သူက အသိရှိတဲ့
ဘဝရောက်သွားတယ်။
တရားမရှိတဲ့ ဘ၀က တရားရှိတဲ့
ဘဝရောက်သွားတယ်။
အသိဉာဏ်ပြောင်းလို့ သူတော်ကောင်းဘ၀ ရောက်သွားတယ်။
ကိုယ်နဲ့ နှုတ်လည်း စင်ကြယ်မှု ရသွားတယ်။
စိတ်တွေလည်း စင်ကြယ်အောင် အေးချမ်းအောင် သူနေတတ်သွားတယ်။
တရားမရှိတဲ့ ဘ၀ကနေ...
တရားရှိတဲ့ ဘ၀သို့ ပြောင်းသွားတာပါ။
ပကတိ အေးဆေး တည်ငြိမ်သူ
ဖြစ်လိုလျှင်မြတ်ဗုဒ္ဓ ၏တရားကိုနှလုံးသွင်းပါ
🙏 စိတ်လှုပ်ရှား တိုင်း
မမွဲဘူးဟု
သုံးသပ်နေသူအဘို့
စိတ်သည် လှုပ်ရှားကင်းကာ
ငြိမ်သက်ပိပြားလာသည်
စိတ်ကို အလိုမလိုက်ဘဲ
ဥာဏ်ကွပ်ကဲလျှင်
စိတ်သည်
ဥာဏ်အောက်၌
အမိန့်နာခံရိုကျိုးကာ
ခေါင်းမထောင်နိင်ဘဲ
လည်စင်းကာ
အလျှော့ပေးလေ့ရှိသည်
စိတ်ကို ဥာဏ်ဖြင့်ကွပ်ကဲခြင်းသည်
စိတ်တ္တာနုပသာနာကျင့်စဉ်ပင်ဖြစ်သည် ..
ထိုကျင့်စဉ်အရ စိတ်ကို
ဥာဏ်ဖြင့်ကွပ်ကဲခြင်းသည်
စိတ်ကိုနိင်ရုံမက
စိတ်အကြောင်းကို
မှန်မှန် ကန်ကန်
ပိုမို အသေးစိတ်
နားလည်နိင်သည်
ချစ်သူတွေ့တွေ့
မုန်းသူတွေ့တွေ့
မတုန်မလှုပ်စေရန်
ဥာဏ်ဖြင့်ထိန်းနည်းသည်
ပေါ်စိတ်.တုန်လှုပ်စိတ်က
အပျက်တရားဟု
ရှုသတ်သောနည်းပင်ဖြစ်သည်...
နောက်ဆုံးသေခြင်းတရားကိုပင်
ပြုံးပြုံးဖြင့် မတုန်မလှုပ်
ရင်ဆိုင်သွားနိင်သည်...ရုပ်နာမ်ကို
ယထာဘူကျကျသိသွားနိင်သည်
သူ့အကြောင်း ကိုယ့်အကြောင်း
လူတွေအကြောင်း
ကောင်းကောင်းသိသည် ...
ငယ်ရွယ်သူများ
မှတ်ဥာဏ်ကောင်းလိုသော်
ဤနည်းကိုကျင့်ပါ..
စိတ်များကြည်လင်၍မှတ်
ဥာဏ်ကောင်းလာမည်...
ဝမ်းသာလိုက်ပါ။
ယောဂီဆိုတာ အစစ အရာရာ
စိတ်ကောင်း နှလုံးကောင်းထားရတယ်...။
သူမှန်ရင်လည်း ၀မ်းသာလိုက်ပါ။
မှန်မှန် ကုသိုလ်ပွါးပါစေ...။
သူမှားရင်လည်း သနားလိုက်ပါ။
မလုတ်တတ်တာ မကိုင်တတ်တာ သနားပြီးတော့...
ကူညီစရာရှိတာ ကူညီလိုက်ပါ။
ဒီလိုဆိုရင်... သူရော ကိုယ်ပါ
စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်မယ်။
အိမ်မှာလည်း အတူတူပဲ..
ရုံးမှာလည်း အတူတူပဲ...
သူမှန်ရင် ၀မ်းသာ...
သူမှားရင် သနားရမယ်...
အများတကာကိုလည်း
ကူညီနိုင်ရမယ့် ကိုယ်စွမ်းအား ရှိသမျှ ကူညီပါ...။🙏
ရွှေဥမင်ဆရာတော် ဘုရားကြီး 🙏🙏🙏
အပ္ပမာဒေန သမ္မာဒေထ Credit to တရား🙏ပြန်လည်မျှဝေပါတယ်🙏

image