စမတ်ဖုန်းလောကထဲ ပြန်ဝင်လာတော့မယ့် Acer
Acer စမတ်ဖုန်းတွေကို သုံးခဲ့ဖူးတွေများရှိကြလား။ နောက်ဆုံးထွက်ထားတာဆို Acer Liquid Z6 Plus ဖြစ်ပါမယ်။ 2016 လောက်က နောက်ဆုံးထွက်ခဲ့တာဆိုတော့ Acer ကနေ ဖုန်းမထုတ်တာ ၁၀ နှစ်ပါးရှိနေပြီလို့တောင် ပြောရမှာပါ။
အခုတော့ Poster ကြေညာချက်တစ်ခုနဲ့အတူ စမတ်ဖုန်းလောကထဲကို Acer ပြန်ဝင်လာပါပြီ။ Amazon.in ရဲ့ Promo Page ထဲမှာတော့ Acer ဟာ လာမယ့် မတ်လ 25 ရက်မှာ စမတ်ဖုန်းအသစ်များကို အိန္ဒိယမှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြထားပါတယ်။ အင်တာနက်ပေါ်က နောက်ထပ် Leak တွေအရတော့ စမတ်ဖုန်း အသစ် ၂ မျိုးမိတ်ဆက်သွားမှာဖြစ်ပြီး ဘတ်ဂျက်ပိုင်းသွားမယ်လို့လည်း ဆိုထားပါတယ်။
ပိုစတာမှာတော့ မတ်လ 25 ဆိုတော့ ၂ ပတ်လောက်ပဲ လိုပါတော့တယ်။ Acer ဒါမှမဟုတ် Amazon ဘက်က ထပ်ပြီး ကြေညာလာမှာကိုသာ စောင့်ကြည့်ရမှာပါပဲ။
